အပိုင်း ၂

504 8 4
                                    

မိဖုရားကြီး / မင်းကြီးနဲ့ သင့်လျှော်တဲ့သူရှာတွေ့ပြီလား လျန်အာ

လျန်အာ / ဟုတ်ကဲ့ ဒီလူတွေက မင်းကြီးရဲ့ ကြင်ယာတော်နေရာအတွက် ရွေးချယ်ထားတဲ့ ယောက်ျားပျိုတွေပါ
ဒါက ဟုန် အမတ်မင်းရဲ့ သားတော်ပါ

မိဖုရားကြီး / ပယ် !!! မျက်လုံးက တောက်ပမှုမရှိဘူး!!!

လျန်အာ / ဒါက ပိုင်အမတ်မင်းရဲ့ သားတော်ပါ

မိဖုရားကြီး / ပယ်!!! ရိုးသားမှု့မရှိတဲ့ အကြည့်တွေ!!!

လျန်အာ / ဒါက လီအမတ်မင်းရဲ့ သားတော်ပါ

မိဖုရားကြီး / ပယ်!!!
        ပယ်!!!
        ပယ်!!!

မိဖုရားကြီးက မည်သူ့ကိုမှ သဘောမတွေ့တာကြောင့် လာရောက်လျောက်ထားသူအားလုံးကိုပယ်ချခဲ့သည်။

လျန်အာ / ကြင်ယာတော် နေရာအတွက်
လာလျောက်ထားသူတွေ အားလုံးကုန်သွားပါပြီ

မိဖုရားကြီး / ဟင်းးးးး မင်းကြီးအတွက် ကြင်ယာ ရှာပေးရတာ
ယောက်ျားပျိုတစ်ယောက်တဲ့လား စိတ်ပျက်စရာပဲ
ဥယျာဉ်တော်ကို လမ်းလျောက်ထွက်ရအောင် လျန်အာ

လျန်အာ / ဟုတ်ကဲ့

မင်းကြီးနန်းဆောင်အတွင်းတွင်

မင်းကြီး / စစ်သူကြီးကျန်းချန် စုံစမ်းခိုင်းထားတဲ့ ကိစ္စသိရပြီလား

ကျန်းချန် / ကျွန်တော်မျိုး စုံစမ်းနေဆဲပါ အခုတလောနယ်စပ်ဘက်တွေမှာတော့
ခိုးသူတွေ သောင်းကျန်းနေပါတယ် မင်းကြီး ခိုးသူတွေက လက်ဝတ်ရတနာတွေ ခိုးယူတာမဟုတ်ပဲ လယ်ယာမြေစာချုပ်တွေကိုသာ ခိုးယူကြတာပါတဲ့ အဲ့ကိစ္စဖြေရှင်းပေးဖို့နယ်စားမင်းက သဝန်လွှာပါးလာပါတယ်

မင်းကြီး / အင်း ဆက်စောင့်ကြည့်ထား လိုအပ်ရင် စစ်သူကြီးကိုယ်တိုင် အဲ့ဘက်ကိုသွားစစ်ဆေးပေးပါ အခုလက်ရှိ အမတ်မင်းတွေကို ဖယ်ရှားတဲ့ အခါကျရင် အဲ့လယ်သူဌေးတွေနဲ့
သူပုန်တွေကို အသုံးချရမှာ

ကျန်းချန် / ရာထူး အပြောင်းအလဲ ရှိတာလားမင်းကြီး

မင်းကြီး / ကျုပ်အသက်ကို ရန်ရှာထားတာလေ
ဒီအတိုင်းထားရမလား စစ်သူကြီးမင်း!!!

အဆိပျ အဆိပ်Where stories live. Discover now