အပိုင်း ၂၂

503 21 2
                                    

"မယ်တော်ကြီး... အဆိပ်အကြောင်းနဲ့ပတ်သက်လို့
သိတဲ့လူတစ်ယောက်ကိုတွေ့ ထားပါတယ်"

လျန်အာက လျောက်တင်လာတော့ မယ်တော်ကြီးက
ဝမ်းသာအားရပုံစံဖြင့်

"ဟုတ်လား...
သူ့ကို မြန်မြန် နန်းတွင်းထဲ အခစားဝင်ဖို့ ပြောလိုက်လေ"

"ဟုတ်ကဲ့ သူက ကျွန်တော်မျိုးမနဲ့အတူ
ပါလာပါတယ်"

ထို့နောက် သူ့မဟာ ဝင်ပေါက်ဘက်လှည့်ပြီး

"ဝင်လာခဲ့လိုက်!!"

ထိုလူဝင်မလာခင်မှာပဲ မယ်တော်ကြီးက

"လျန်အာက ခဏလောက်အပြင်ထွက်ပေးမလား
ငါ သူနဲ့နှစ်ယောက်တည်းတွေ့ စုံ ချင်တယ်"

"ကောင်းပါပြီ
ကျွန်တော်မျိုးမ အပြင်မှာစောင့်နေပါ့မယ်"

ထို့နောက် မကြာခင်မှာ နန်း​ေဆာင်ထဲကို
လူတစ်ယောက်က ရိုကျိုးဝင်ရောက်လာခဲ့ပေတာ့သည်။

"မယ်တော်ကြီးကို ဂါရဝပြုပါတယ်။"

မယ်တော်ကြီးလဲ
ရှေ့က ရိုကျိုးတဲ့လူငယ်တို့ကြည့်ကာ
သူရဲ့ ပုံစံက ရိုကျိုးပေခဲ့
အရှိန်အဝါတစ်ခုလွှမ်းခြုံနေတာမို့

"မင်းနာမည်ဘယ်လိုခေါ်လဲ !!! "

"ချောင်ချွမ်းဂန် လို့ခေါ် ပါတယ်
လူတချို့ကတော့ အဆိပ်နတ်ဘုရားလို့ခေါ်ပေမဲ့
အချို့ကတော့ နတ်ဆိုးသခင်တဲ့
မယ်တော်ကြီးကရော
ဘယ်လိုနာမည်ပေးချင်ပါသလဲ"

မယ်တော်ကြီးကတော့
ဟက်ဟက်ပတ်ပတ်ရယ်မောကာ

"ငါ့အမြင်မှာတော့ မင်းက
သခင်လာရှာတဲ့ခွေးတစ်ကောင်နဲ့ ပိုတူတယ်။"

"အဟက်ဟက် ဝမ်ပြည်ထောင်ရဲ့ မိခင်ကြီးက
သိပ်ကိုထက်မြတ်လွန်းတာပဲ"

"ပြောစမ်းပါဦး
ငါသိချင်တဲ့ အဆိပ်အကြောင်းနဲ့ ပတ်သက်ပြီး
မင်းသိသမျှပေါ့"

"အယူရှိရင် အပေးတော့ရှိသင့်တာပေါ့
ကျွန်တော်မျိုးအတွက် အကျိုးအမြတ်က
ဘာ များ လဲ..."

"ကောင်းပြီ မင်းပြောကြည့်လေ"

"တိုင်းပြည်အာဏာလိုချင်ပါတယ်။
ဒီတိုင်းပြည်ရဲ့ အာဏာရှိတဲ့
သူတစ်ယောက်ဖြစ်ချင်ပါတယ် ။"

အဆိပ် အဆိပ္Onde as histórias ganham vida. Descobre agora