အပိုင်း ၁၈

196 4 0
                                    


ကြင်ယာတော်ရှင်း နန်းဆောင်တွင်

ရှင်းလျန် / ဘာ!!!
မယ်တော်ကြီးပြန်လာနေပြီဟုတ်လား.. ဟင်းးးး မဖြစ်ဘူး တစ်ခုခုတော့လုပ်ရမယ်

လုလု / သခင်မလေးကလဲ အခုချိန်မှာ နန်းသွေးလွယ်ထားရတာ သခင်မလေးပဲရှိတာပါ ဘာတွေစိတ်ပူနေတာလဲ

ရှင်းလျန် / အဟင်းဟင်း ဟုတ်တယ်ဟုတ်တယ်
အခုချိန်မှာ အဲ့အဘွားကြီးက ငါ့ကိုနှင်ထုတ်ချင်ရင်တောင်
နှင်ထုတ်လို့ရမှာမဟုတ်ဘူး

ညနေပိုင်းရောက်တော့ မိဖုရားကြီးက
နန်းတော်ကိုရောက်လာခဲ့လေပြီ
မင်းကြီးက ကြိုဆိုပွဲပြင်ဆင်ပေးကာ ခရီးဦးကြိုပြုပြီး
မင်းကြီးနဲ့ ကြင်ယာတော်ရှောင်က
မယ်တော်ကြီးရဲ့ ညာဘက်ဘေးတွင် ထိုင်တာ
ဂါရဝပြုလေသည်။
ကြင်ယာတော်ရှင်းကတော့ မယ်တော်ကြီးရဲ့
ဘယ်ဘက်ဘေးတွင် ထိုင်ရ၏။

ဒါကိုမကျေနပ်တဲ့ ကြင်ယာတော်ရှင်းဟာ

ရှင်းလျန် /*ရှောင်ကျန့် ရှောင်ကျန့် နင်စောင့်နေကွညျ့လိုကျ မကြာခင်မှာ မင်းကြီးဘေးထိုင်ရတဲ့ တစ်ဦးတည်းသော မိဖုရားက ငါပဲဖြစ်စေရမယ် *

တစ်ဘက်ထဲမှ စိတ်ယုတ်မာမွေးနေတဲ့ ကြင်ယာတော်ရှင်းရှိနေသလို ကျန်တဖက်မှာလဲ...

မင်းကြီး / ရှောင်ကျန့် မင်းရဲ့ အဲ့ဒီမျက်နှာက ဘယ်လိုဖြစ်နေရတာလဲ မယ်တော်ကြီးပြန်လာတာ မင်းကအပျော်ဆုံးလူသား ဖြစ်နေရမှာမဟုတ်ဘူးလား မင်းကို ကာကွယ်ပေးနေခဲ့သူ ပြန်ရောက်လာတာလေ

သူ့အားတိုးကြိတ်ကြိတ် စကားလုံးများဖြင့် ခနဲ့နေသောမင်းကြီး

ရှောင်ကျန့် / ဟုတ်ပါဘူးအရှင် အခုထိ ကျွန်တော်မျိုး ကောင်းကောင်းနေပြန်မကောင်းသေးလို့ပါ မျက်နှာပျက်နေတာမဟုတ်ပါဘူး

ရှောင်ကျန့် အမှန်တကယ်လဲ နေမကောင်းဖြစ်နေတာဖြစ်သည်။ အခုထိ အားနည်းနေတဲ့ခန္ဓာကိုယ်က စိတ်ရောလူရော ပင်ပန်းနေသည်မှာ မနားရသေးပေ သို့သော် မယ်တော်ကြီးရဲ့ ကြိုဆိုပွဲကိုတော့ မတက်ရောက်လို့မဖြစ်သည်မို့ လာရောက်ဂါရဝပြုရခြင်းဖြစ်ပေသည်။

အဆိပျ အဆိပ်Where stories live. Discover now