အပိုင်း ၆

281 4 0
                                    

မင်းကြီး နန်းဆောင်ကိုပြန်ရောက်တော့
ရှောင်ကျန့်က ငုတ်တူတ်လေးထိုင်စောင့်နေ၏။
မင်းကြီးလဲ
ပုဝါပါးလေးအောက်က
မျက်နှာ နုထွေးထွေးကို အကြောင်းမဲ့ငေးကြည့်နေလိုက်သည်။
ထို့နောက် အပေါ်ကပုဝါစကို ဆွဲဖယ်လိုက်ပြီး
ရှောင်ကျန့်ရဲ့ ရှက်သွေးဖြာနေတဲ့
မျက်နှာလေးကို အနီးကပ်ကြည့်နေပြီး
ခုနကနယ်စားမင်းပြောသွားသော စကားတွေကို
ပြန်ကြားယောင်ကာ
ဒေါသစိတ်က တဖွားဖွားပေါ်ပေါက်လာ၏။
ထို့နောက် မင်္ဂလာ အရက်တခွက်ကိုငှဲ့ကာ သောက်လိုက်သည်။
ထို့နောက် နောက်တခွက်ယူကာ ရှောင်ကျန့်နားကိုပြန်လာပြီး

မင်းကြီး / ဒီညက ကိုယ်တို့ရဲ့ မင်္လါဦးညဆိုတော့ အတူသောက်သင့်တယ်မထင်ဘူးလား

ရှောင်ကျန့် / မင်းကြီး ကျွန်တော်မျိုး မသောက်နိုင်...

ရှောင်ကျန့် စကားမဆုံးခင်မှာပဲ
ရုတ်တရက် တွန်းလှဲ ခြင်းကိုခံလိုက်ရသည်။

ရှောင်ကျန့် / မင်းကြီး...မင်းကြီး

မင်းကြီး / အရှင်လို့ခေါ်

ရှောင်ကျန့် / ဟုတ်...ဟူတ်ကဲ့ အရှင်! !!

မင်းကြီး / မကြောက်နဲ့...!!!

ထို့နောက် အနမ်းမိုးတွေ ဆက်တိုက်ရွာသွန်းလိုက်ပြီး
နောက်မှာတော့...
မင်းကြီးကအနမ်းတွေကို ရုတ်တရက်ဖယ်ခွာလိုက်သည်။

ရှောင်ကျန့် / ဘာဖြစ်လို့လဲအရှင်

မင်းကြီး / ကိုယ်တော့်မှာချစ်ခင်စုံမတ်နေသူရှိတယ်
ကိုယ်တော်မင်းကိုပြန်ချစ်လာမှာမဟုတ်ဘူး

ထို့နောက် မင်းကြီး က
နန်းဆောင်ထဲကနေ
ထွက်သွားခဲ့လေသည်။

ရှောင်ကျန့် / *ဘာဖြစ်လို့လဲ...
ဘာဖြစ်လို့ အရှင်ချစ်မြတ်နိုးတဲ့သူက
ကျွန်တော်မျိုးမဖြစ်နိုင်ရတာလဲ... *

......

မယ်တော်ကြီး / မင်းကြီး မနေ့ညက ကြင်ယာတော်ရဲ့
နန်းဆောင်ကနေ ထွက်သွားတယ်ဆို

မင်းကြီး / မယ်တော်ရဲ့လူတွေနဲ့
စောင့်ကြည့်ခိုင်းထားပြန်ပြီးလား

မယ်တော်ကြီး / ဒီကြင်ယာတော်က မယ်တော်ကိုယ်တိုင်
မင်းကြီးနဲ့ သင့်တော်မယ်ထင်လို့
ရွေးချယ်ပေးထားတာနော်

အဆိပျ အဆိပ်Donde viven las historias. Descúbrelo ahora