အပိုင်း ၂၉

252 3 1
                                    


''မယ်တော်...ဟင့်...မယ်တော်''

''မယ်တော်ကြီးကို သတိရနေတာလား''

အရှင်က ဝမ်းနည်းစွာ ငိုနေပြီး အာစေးမိသလို
ဘာစကားမှ ထုတ်မပြော

ရှောင်ကျန့်ကလဲ အရှင့်ကို ဆက်ပြီးဝမ်းမနည်းစေချင်တာကြောင့် အာရုံလွှဲသည့်အနေနဲ့ လှေစီးမည့်နေရာကို ဦးဆောင်ခေါ်သွားတော့သည်။

လှေစီးတဲ့နေရာရောက်တော့

''ဒီနေရာက ကြာပန်း တွေအတော်လှတယ် အရှင်ကိုယ်တိုင် ကျွန်တော်မျိုးအတွက်ခူးပေးခဲ့ဖူးတယ် မှတ်မိလား''

အရှင်က ရှောင်ကျန့်ကိုသာငေးကြည့်နေခဲ့တယ်။
မှတ်မိတယ်လဲမပြော မမှတ်မိဘူးလဲမပြော
ဒီအတိုင်းအဓိပ္ပါယ်မဲ့နေတဲ့ မျက်ဝန်းတွေနဲ့ ငေးနေဆဲပဲ

''ကျွန်တော်မျိုးအမှန်တိုင်းဝန်ခံရရင် အရှင့်ကိုချစ်မိခဲ့တယ် လက်မထပ်ခင်အချိန်ထဲက
မယ်တော်ကြီး နန်းဆောင်ကနေ ဒေါသတကြီး ထွက်လာတဲ့အရှင်က မာကျောနေတဲ့မျက်နှာထားနဲ့တောင် ချောမောခန့်ညားနေခဲ့တာ အဲ့အချိန်တုန်းက အရှင့်ဒေါသကိုလန့်ရမဲ့အစား အရှင့်ကိုကြည့်ပြီး ရင်ခုန်နေခဲ့တာလေ''

အရှင်က ရှောင်ကျန့်မျက်နှာအစိတ်အပိုင်းတွေကိုသာ ငေးကြည့်နေပြီး ရှောင်ကျန့် ပြောသမျှကို ငြိမ်ကာ နားထောင်နေသည်။

''ပြီးတော့... ကိုယ်ဝန်ဖျက်ကျခဲ့တုန်းကလဲ အတော်လေး ခံစားခဲ့ရတယ် ကျွန်တော်မျိုးသိပ်ချစ်တဲ့အရှင်က ကျွန်တော်မျိုးစကားတွေကိုနားမထောင်ပေးခဲ့ဘူး မယုံကြည်ပေးခဲ့ဘူး ကိုယ်ချစ်တဲ့သူနဲ့ရတဲ့ရင်သွေးကို ဖျက်ချရအောင်ထိ ကျွန်တော်မျိုးမရူးမိုက်ခဲ့တာအမှန်ပါ

အဲ့နောက်ပိုင်းတော့ အရှင်က ကျွန်တော်မျိုးကို ကျန်းချန်နဲ့စွပ်စွဲပြန်တယ် နာကျင်ရလွန်းလို့ အရှင်တစ်ယောက်တည်းကိုပဲချစ်မြတ်နိုးခဲ့တာပါလို့ အရှက်မရှိအော်ဟစ်ပစ်ချင်မိတဲ့အထိပဲ''

ရှောင်ကျန့်ကစကားပြောနေရင်း မျက်ရည်တွေကျလာတော့ အရှင်ကရှောင်ကျန့်ကို ရင်ခွင်ထဲထည့်ဖက်ထားပေးတယ်
လှေက အနည်းငယ်လှုပ်ခတ်သွားပေမယ့် ရှောင်ကျန့်က အရှင့်ရင်ခွင်ထဲတိုးဝင်ကာငိုနေတုန်း

အဆိပျ အဆိပ်Место, где живут истории. Откройте их для себя