အပိုင်း ၅

698 36 4
                                    

တဖက်မှာတော့ နန်းတွင်းအပျိုတော်လေးတစ်ဦးဟာ
လှပစွာကပြဖျော်ဖြေနေလေသည်။
သူမက လှပသည်။ နုနယ်သည်။
သူမရဲ့ လှပတဲ့အချိုးအဆစ်တွေရဲ့ အကအလှက ပုရိသတိုင်းစွဲမက်ချင်စရာအတိ
သူမရဲ့လှပမှု့ကြောင့် မင်းကြီးရဲ့ မျက်စိကျမှု့ကိုခံရကာ နန်းတွင်း၌ မင်းကြီးရဲ့ တိတ်တခိုးချစ်သူတွေဖြစ်နေလေတော့၏။
သို့သော် ဒီနေ့ညမှာတော့ မင်းကြီးက သူမရဲ့အလှအပတရားတွေကိုမခံစားပဲ
အရက်ကိုသာ ဇိန်ခံရင်းတွေးရင်းတောရင်းသောက်နေလေတော့...

ထိုမိန်းမလှလေး / မင်းကြီး...

သူမရဲ့ ချွဲနွဲ့နွဲ့အသံလေးက သာမာန်ပုရိသလောက်အရည်ပျော်သွားနိုင်သည်။

မိန်းမလှလေး / ဘာလို့ အရက်တွေပဲသောက်နေရတာလဲ

သူမက မင်းကြီးရဲ့ အရက်ခွက်ထဲ အရက်အနည်းငယ်ငှဲ့ပေးရင်းဆိုလိုက်သည်။

မင်းကြီး / ကိုယ်တော်စိတ်မကြည်လင်ဘူး ရှင်းလျန် ကပြဖျော်ဖြေတာရပ်လိုက်တော့

ထိုအခါသူမက အလိုက်သိစွာနဲ့ တီးမှုတ်ပေးနေသူများကို အခန်းအပြင်ထွက်ဖို့ အချက်ပြလိုက်သည်။

ရှင်းလျန် / ဒါဆို ကျွန်တော်မျိုးမ မင်းကြီးကို ပြုစုပေးရမလား

သူမရဲ့လက်တွေဟာ မင်းကြီးရဲ့ ပေါင်တံနဲ့ ရင်ဘက်တွေပေါ်ပြေးလွှားဆော့ကစားရင်းထိုသို့ဆိုလိုက်တော့ ရမ္မက် စည်းစိမ်ကြားမှာပျော်ပွေ့နေတဲ့ မင်းကြီးဟာ သူမရဲ့အပြုအမူတွေကြားမှာရုန်းမထွက်နိုင်ခဲ့ပါချေ

မင်းကြီး / ကောင်းတာပေါ့...

ထို့နောက်မင်းကြီးဟာ ထိုအမျိုးသမီးငယ်လေးကို
ကိုယ်ပေါ်ပွေ့တင်ကာ ညှပ်ရိုးနဲ့လည်တိုင်တလျောက်ကိုနမ်းရှိုက်ပြစ်လိုက်၏။
သူမကိုရွှေနန်းကုတင်ထပ်ပွေ့တင်လိုက်ပြီးနောက်
ရုတ်တရက်ဆန်စွာ အနမ်းတို့ရပ်တန့်သွားတော့သည်။

ရှင်းလျန် / ဘာဖြစ်လို့လဲ မင်းကြီး

မင်းကြီး / ကိုယ်တော်စိတ်မပါဘူး သွားတော့

ရှင်းလျန် / မင်းကြီး....

မင်းကြီး / သွားတော့! !!ကိုယ်တော်အိပ်ဆောင်ဝင်တော့မယ်

အဆိပ် အဆိပ္Where stories live. Discover now