အပိုင်း ၂၁

514 25 2
                                    

ရှောင်ကျန့်ဘက်က မျက်နှာငယ်လေးဖြစ်သွားတာမို့
ချင်းဟွာက နှစ်သိမ့်သည့်သဘောဖြစ်

" မသေချာသေးတာမို့
ကြင်ယာတော်လဲ အရမ်းစိတ်ထိခိုက်မခံပါနဲ့
အခုချိန်မှာ ကြင်ယာတော်ရှောင်လဲ အားနည်းနေတာမို့
ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်ပါ "

"ရှောင်ကျန့်က ဘာဖြစ်တာလဲ...!!!
ရှောင်ကျန့် မင်း... မင်းဘာဖြစ်လို့လဲ"

ကျန်းချန်က စိုးရိမ်စွာမေးလာခဲ့သည်။

" ကြင်ယာတော်ရှောင်က အဆိပ်မိထားတာ
ရှားပါးအဆိပ်ဖြစ်တာမို့
တရားခံဘယ်သူလဲစုံစမ်းလို့မရသေးဘူး "

"ဘာ...!!!တောက်!!!"

..............

မင်းကြီးက နန်းဆောင်ပြန်ရောက်တာနဲ့ ဝုန်းဒိုင်းကျဲတာသောင်းကျန်းလို့ နေသည်။ သူ့ဒေါသကို သူ့ကိုယ်သူလဲမထိန်းနိုင်သလို ဘေးမှ အထိန်းတော်တို့ကလဲ မထိန်းနိုင်ကြပေ

အထိန်းတော်ကြီး / မင်းကြီး...မင်းကြီး

"ထွက်သွား!!!ဒီအခန်းထဲမှာ ရှိနေတဲ့ ဘယ်သက်ရှိကိုမှ
အရှင်မထားဘူး အားလုံးကိုသတ်ပြစ်မယ်! !!"

မင်းကြီးရဲ့ အေးစက်တဲ့အပြောတွေနဲ့
လူသတ်ငွေ့ တရိပ်ရိပ်တက်နေတဲ့
အကြည့်တွေကြား
မည်သူမှ ခြေစုံမရပ်ရဲကြပေ

ခဏလောက်ကြာတော့ အခန်းတစ်ခုလုံး ရာရာမရှိအောင်ဖျက်စီးပြီးပြီမို့ ခြေကုန်လက်ပန်းကျကာ ထိုင်နားနေတုန်း နှာခေါင်းထဲ တိုးဝင်လာတဲ့ အမွှေးနံ့သာဆီက သူသဘောကျ ရင်းနှီးတဲ့အနံ့အသက်မဟုတ်နေတာကြောင့်

"အထိန်းတော်ကြီး !!!"

အထိန်းတော်ကြီးက တုန်ရီစွာ ဝင်ရောက်လာပြီး
ကြမ်းပြင်နဲ့ထိလုမတက်ခေါင်းငုံထားက

အထိန်းတော်ကြီး / ရောက်...ရောက်ရှိကြောင်းပါ...

"ထွန်းညှီနေကြ အမွှေးနံ့သာဆီက ဘယ်ရောက်သွားတာလဲ!!!"

ပုံမှန်ဆို ဒီလိုကိစ္စသေးသေးမွှားမွှားလေးကို
အလေးမထားတက်တဲ့မင်းကြီးက
အခုမှ ထွန်းညှိနေကြမဟုတ်တဲ့ အမွှေးနံ့သာ နံ့ကို
သိနေပြန်တော့...

အဆိပ် အဆိပ္Where stories live. Discover now