Part(1) uni+zaw

5.2K 135 2
                                    

Part (1)

"တွဲကြရအောင်"

လူစည်ကားနေသည့် တက္ကသိုလ်ကျောင်းဝန်းထိပ်သည် ရုတ်တရပ်ဆိုသလို အသံများ တိတ်ဆိတ်သွားသည်။ အေးစက်သည်ထက်ပိုသည့်အသုံးရှိလျှင် သုံးနှုန်းနိုင်သည့် အသံနှင့် တည်ငြိမ်ပြတ်သားစွာ ထွက်ပေါ်လာသောအသံသည် တုန်လှုပ်စရာကောင်းလှသည်။ နူးညံ‌သိမ့်မွေ့သော ချစ်ခြင်းမေတ္တာကို ပုံဖော်ရာတွင် နူးညံသောစကားများစွာရှိသော်လည်း ယခု ကြားလိုက်ရသော အသံသည် ခြောက်ခြားဖွယ်အတိနှင့် ဖြစ်နေသည်။

"မဖြစ်နိုင်တာ "

‌ကျောင်းဝန်းထိပ် ကျောင်းသူများတွင်သာမက ကျောင်းသားများ၏ ပါးစပ်ဖျားတွင်လဲ ဖြစ်တည်လာသော ထိုစကားဟာ အမှန်ပင်ဖြစ်သည်။ သို့သော် တစ်ဖက်လူက ထိုစကားကို ဂရုစိုက်ဟန်မတူပါ။ ကျွန်တော်ထံသို့ အကြည်စူးစူးများဖြင့် ပြောသွားသော စကားမှာ အလွန် တည်ငြိမ်လှသည်။

တက္ကသိုလ်ထဲရှိ ယောင်္ကျားလေး၊ မိန်းခလေး အများစုတို့က လိုချင်နေကြသော "ဝီလျှံရှိန်း" ‌ဆိုသည့် သူက တက္ကသိုလ်အတွင်းက လူမသိသော ကျွန်တော့်ကို "တွဲကြရအောင်" ပြောခြင်းဟာ တက္ကသိုလ်အတွင်းရှိ အချို့လူများ၏ အမုန်းပွားခြင်းကို ခံရဖို့ရန် လုံလောက်စေပါသည်။

"ကိုယ့်ကို ငေးကြည့်နေတာ မဟုတ်ဘဲ စကားလေးပြန်ပြောပါအုံး"

ထိုသူ ထိုသို့ပြောလာသည်တိုင် ကျွန်တော် ဘာပြန်ပြောရမည်မသိပါ။ လွယ်အိတ်၏ ကြိုးနှစ်ဖက်ကိုသာ ကျစ်ကျစ်ပါအောင် ကိုင်ထားကာ ထိုသူကို ပြန်ပြောရမည့် စကားကို ရှာနေမိသည်။ ကြောက်ရွံ့မှုတို့ကြောင့် စွယ်တာ အောက်တွင်ရှိနေသော ခန္ဓာကိုယ်တွင် ချွေးများပြန်နေသည်။

"နှင်းပိုးကကော ဘယ်လိုဖြစ်သွားမှာလဲ အခုလက်ရှိဝီလျှံရှိန်းက နှင်းပိုးနဲ့ တွဲနေတာမလား "

ကျောင်းသူကျောင်းသားများ၏ ပါးစပ်ဖျားတွင် ပေါ်လာသော နှင်းပိုးမှာ ဝီလျှံရှိန်း၏ (10)ယောက်မြောက်ရည်စားဟု သတင်းထွက်နေသူ နှင်းပိုးကုဋေ ဖြစ်သည်။ တက္ကသိုလ်အတွင်းရှိ ကျောင်းသူများ၏ အားကျရသော သူတစ်ဦးဆိုလဲ မမှားပေ။ ရည်းစားတစ်ယောက်ချင်းစီကို တစ်ပတ်ပြည့်အောင် မတွဲတတ်သော ဝီလျှံရှိန်း၏ ဘေးတွင် (2)လကြာသည်အထိ ရှိနေသော တစ်ဦးတည်းသော အမျိုးသမီး ဖြစ်လေသည်။ သူမနာမည်ကို ကြားလိုက်သည်နှင့် သူမ၏ ပုံစံမှာ မျက်လုံးထဲကို ဝင်ရောက်လို့လာခဲ့သည်။ နာမည်မှာ နူးညံသိမ့်မွေ့နေသော်လည်း သူမ၏ စရိုက်မှာ ပြတ်သားတည်ငြိမ်လှသည်။

Find Love Because Of you (Complete)Where stories live. Discover now