Part(28)Uni+Zaw

1.4K 35 0
                                    

Part(28)

ည‌အတော်မိုးချုပ်‌ချိန်တွင် စိုင်းစဝ်တစ်ယောက်နိုးလာသည်။ ဘေးကိုကြည့်လိုက်တော့ ဝီလျှံရှိန်းနှင့် သူရနှစ်ယောက်စလုံးအားမတွေ့ရပေ။ အပြင်ဘက်ကအသံများလဲကြားနေသည်မို့ စိုင်းစဝ်အပြင်ကိုသာ ထွက်လာလိုက်သည်။

စိုင်းစဝ်တို့၏ ခြံထဲတွင် မီးဖိုထားတာ ဝိုင်းဖွဲ့စကားပြောနေသည့် ဝီလျှံရှိန်းအားတွေ့လိုက်ရသည်။

"ဟော ဟိုမှာ စိုင်းလေးနိုးလာပြီ ခေါင်းတွေမူးနေသေးလား စိုင်းလေး"

စိုင်းစဝ်၏ ဦးလေးမှ မေးလာခဲ့သည်။ ဦးလေးနှင့်ဒေါ်လေးတို့လဲ အလုပ်မှ ပြန်ရောက်ခဲ့ပြီ ဖြစ်မည်။ ဦးလေး၏ အပြောကြောင့် ဝီလျှံရှိန်းက ကျွန်တော့်ဘက်သို့ကြည့်ကာ နေရာမှ ထလာခဲ့သည်။

"ဟုတ် သက်သာပါတယ် ဦးလေး"

"အေအေ အရမ်းမိုးချုပ်နေပြီဆိုတော့ ရေမချိုးရင် မချိုးနဲ့တော့လေ ဖျားနေလိမ့်မယ်"

"ရတယ် ဦးလေးကျွန်တော် နည်းနည်း လန်းသွားအာင် ချိုးလိုက်အုံးမယ်"

"အေအေ မြန်မြန်ချိုးပြီး အနွေးထည်လေးဝတ်ထားလိုက် ပြီးရင် ထမင်းစားကြရအောင်"

"ဟုတ် ဦးလေး"

စိုင်းစဝ် အိမ်ခန်းထဲပြန်ဝင်လာတော့ အနောက်က ဝီလျှံရှိန်းပါ လိုက်လာခဲ့သည်။

"အချစ် ရေနွေးလေးနဲ့ ချိုးမလား ကိုယ် ရေနွေးစပ်ပေးမယ် "

"ရတယ် ရေနွေးနဲ့ချိုးထားပြီး အေးလာတဲ့ခံစားချက်ကို မကြိုက်ဘူး"

"ဟုတ်ပြီအဲ့ဆိုမြန်မြန်ချိုးလိုက် ကိုယ်ဒီမှာ စောင့်နေမယ် "

"အွန်း ဒါနဲ့ သူရကကော"

"သူ့အချစ်လေးအိမ်သွားတယ် ရေအရင်ချိုးလိုက်အချစ် ပြီးမှ ဆက်ပြောကြမယ်"

"အွန်းအွန်း"

စိုင်းစတ် ရေချိုးခန်းဘက်သို့ သွားကာ ရေအမြန်ချိုးလိုက်သည်။ ရေက ကန်ထဲတွင် ထည့်ထားသဖြင့် ပုံမှန်ထပ်ပို၍ အေးလေသည်။ စိုင်းစဝ်အမြန်ချိုးလိုက်ကာ အခန်းထဲပြန်လာခဲ့လိုက်သည်။

Find Love Because Of you (Complete)Tempat cerita menjadi hidup. Temukan sekarang