Part (23) Uni+Zaw

1.6K 51 0
                                    

Part(23)

ဒီနေ့စိုင်းစဝ်တို့ ကျောင်းတွင် ထူးထူးဆန်းဆန်း ဆရာမများအားလုံးဝင်ကြသည်။ စိုင်းစဝ် ခရီးသွားသည့်ရက်များထဲက စိုင်းစဝ်၏ ငါးကန်လေးကို သူရ၏ ဦးလေးအိမ်သို့ ပို့ထားသဖြင့် သွားယူရပါအုံးမည်။ စိုင်းစဝ် ဦးလေးဆိုင်တွင်လဲ အလုပ်ကူမလုပ်ပေးသည်မှာ အတော်ပင်ကြာနေပြီ ဖြစ်သည်။ ဆိုင်က အစ်မများနှင့် စကားလေးပြောရင်း အလုပ်လေးကူပေးရန် သွားရမည်။ စိုင်းစဝ် ညနေကျောင်းဆင်းလျှင်သွားရန် တွေးထားလိုက်သည်။

ညနေဘက်တွင် စိုင်းစဝ်ဝီလျှံရှိန်းအားမတွေ့တော့သဖြင့် သူရနှင့် busစီးကာ ပြန်လာခဲ့သည်။ စိုင်းစဝ် ဦးလေး၏ ဆိုင်သို့ ဝင်လိုက်သည်။ စိုင်းစဝ်၏ ငါးကန်လေးအား ဆိုင်၏ ကောင်တာအနီးတွင်တွေ့လိုက်ရသည်။

"အယ် သူတို့ အရောင်ပိုတောက်လာသလိုဘဲနော် ဦးလေး ကျေးဇူးတင်ပါတယ်နော် "

"အမယ်လေး ရပါတယ် ဦးလေးရဲ့ ကလေးတွေကလဲ ငါးလေးတွေကို ချစ်တယ်လေ သူတို့မှာ သဘောကျနေကြတာ "

"ဟုတ်လား အဲ့ဆို ဦးလေးတို့ဘဲ မွေးလိုက်တော့မလား ကျွန်တော်က ဦးလေးတို့ အလုပ်ရှုပ်တယ်ထင်လို့"

"ငါ့တူလေးက ပေးနိုင်လို့လား"

"ချစ်ပေးတဲ့သူကိုဘဲ ပေးနိုင်တာပေါ့ ဦးလေးရဲ့ ကျွန်တော်က နောက်ဆို မအားတော့ဘူးလေ ကျောင်းပိတ်ရင်လဲ အိမ်ကိုခနပြန်မလားလို့"

"ဟုတ်ပါပြီ ဒါဆို ဦးလးဘဲ မွေးလိုက်တော့မယ် လွမ်းရင် ဆိုင်မှာလာကြည့်လေ "

"ဟုတ် ကျွန်တော် အိတ်သွားထည့်လိုက်အုံးမယ် ဦးလေးတို့ကို ကူညီပေးမယ်"

"မင်းရဲ့ အစ်မတွေကိုသာ ကူညီပေးလိုက်သွား "

"ဟုတ်ကဲ့ဦးလေ"

စိုင်းစဝ် ဦးလေးအားနှုတ်ဆက်ပြီး လွယ်အိတ်အား သိမ်းထားလိုက်သည်။ အစ်မတို့ရှိမေသည့် ဂိုဒေါင်ဘက်သို့သွားလိုက်သည်။

"ငါတို့ရဲ့ စိုင်းစဝ်လေးမလာတာတောင်ကြာ‌ပြီ နေမကောင်းလို့လား"

"မဟုတ်ပါဘူးအစ်မရဲ့ ကျောင်းက tripတွေလိုက်နေတော့မလာဖြစ်တာပါ စာမေးပွဲလဲ နီးနေလို့"

Find Love Because Of you (Complete)Where stories live. Discover now