Part(17)Uni+Zaw

1.8K 56 0
                                    

Part(17)

စိုင်စဝ် ဝီလျှရှိန်အား စိတ်ပူသဖြင့် ဘာမှ မမြင်ဘဲ ပြေးထွက်ခဲ့မိသည်။

"ဟောတွေ့လား ဟိုမှာလာတယ်လေ အဲ့ကောင်မပြောတာ မှန်သားဘဲ ဟွန်း"

တောင်အလယ်အရောက်တွင် လူစိမ်း(5)ယောက်အားတွေ့လိုက်ရသည်။

"ခင်များတို့က ဘယ်သူတွေလဲ ကျွန်တော်သူငယ်ချင်း ဒဏ်ရာ ရထားတယ်ဆိုလို့ ကျွန်တော်သွားမလို့ ဖယ်ပေးပါ"

"ဟေ့ကောင်လေး နင့်ဖုန်းထဲကို စာပို့လိုက်တာက ငါတို့ မင်းသေချာစဉ်းစားကြည့်အုံး"

စိုင်းစဝ် ထိုသူတို့ပြောမှ သတိရသည် ဝီလျှံရှိန်း၏ ဖုန်းသည် တဲထဲတွင် ဖြစ်သည်။ စိုင်းစဝ် ဘာစကားမှ မပြောဘဲ အနောက်ဘက်သို့ ပြန်လှည့်ပြေးလိုက်သည်။ အနောက်မှ ထိုသူငါးယောက်က လိုက်သည်။

စိုင်းစဝ် လာခဲ့သည့် လမ်းအားမမှတ်မိသလို ဘယ်ဘက်သို့ ပြေးရမည်ကိုလဲ မသိပါ။ စိုင်းစဝ်အနောက်သို့ သဲသဲမဲမဲ လိုက်နေသူ တို့ကို မျက်ခြေပြတ်စေရန် ပြေးနေသော်လည်း ထိုသူတို့မှာ အလွန်မြန်လှသည်။

စိုင်းစဝ်ပြေးရင်း တောင်စောင်းတစ်ခုသို့ ရောက်သွားသည် ပြေးရန်လမ်းလဲ မရှိတော့ပေ။ ထိုငါးယောက်မှာ စိုင်းစဝ်ကို ဝိုင်းထားသည်။

"မင်းတို့ ဘာလိုချင်လို့လဲ ကျွန်တော်က အခုမှ ဒီနေရာကို ရောက်ဖူးတာပါ ခင်များတို့နဲ့ ဘာရန်ညှိုးမှ မရှိဘူးလို့ထင်တယ်"

"မင်းသိလား မင်းက ငါတို့နေရာကို ညအချိန်ရောက်လာတာလေ ငါတို့က မင်းအနားကို ရောက်လာတာမှ မဟုတ်တာ"

"ကျွန်တော့်သူငယ်ချင်းအတွက် စိတ်ပူလို့လို့ ပြေယထားတယ်လေ "

"မင်းသူငယ်ချင်းက ရိုးရိုးသူငယ်ချင်းကော ဟုတ်ရဲ့လား ဟေ့ကောင်တွေ သူပုံစံက်ု ကြည့်စမ်း ယောင်္ကျားလေးဖြစ်ပေမယ့် လှတယ်၊ ချစ်စရာကောင်းတယ် တွေ့လား မင်းတို့တေယ့ မသိပေမယ့် ကိစ္စမတုန်းခင် သူ့ခန္ဓာကိုယ်လေးကို မြည်းစမ်းချင်သေးတယ် "

"ဟေ့ကောင် မင်းတစ်ယောက်ထဲတော့ မလုပ်နဲ့လေ ငါကောပါမယ်လေ"

"တစ်ခြားကိစ္စတွေ လုပ်မနေနဲ့ မင်းတို့ကို လုပ်ခိုင်းတာကိုဘဲ အာရုံစိုက် မြန်မြန်ပြီးရင် မြန်မြန်သွားမယ် အခုဆို ဝီလျှံရှိန်းသိ‌သွားလောက်ပြီ ဒီကောင် မရှိတာကို"

Find Love Because Of you (Complete)Where stories live. Discover now