Part(31)Uni+Zaw

1.3K 29 0
                                    

Part(31)


"အချစ် ကျောင်းပိတ်ရက်တွေမှာ ဘာလုပ်မှာလဲ"

"ဘာမှ မလုပ်ပါဘူး သူရဦးလေးတို့ အိမ်ကို သွားမယ် martကို သွားလည်မယ်လေ"

"အွန်းကောင်းပါတယ် ကိုယ်က အိမ်ပြန်လိုက်အုံးမယ်နော်အချစ် ညနေကိုယ်ပြန်လာခဲ့မယ်"

"အွန်း ဖြည်းဖြည်းသွား"

စိုင်းစဝ် ဝီလျှံရှိန်း ထွက်သွားသည်နှင့် အိမ်ကို သန့်ရှင်းရေးလုပ်လိုက်သည်။ လူမနေသည်မှာ ကြာပြီဖြစ်၍ အနည်းငယ် ညစ်ပတ်နေသည်။ အပင်လေးတွေက သေမသွား၍ တော်သေးသည်ဟုဆိုရမည်။ စိုင်းစဝ် ကြိုက်သည့် ညမွှေးပန်းလေးများကတော့ ပွင့်လန်းလို့လာသည်။

ကျောင်းပိတ်ချိန်မှာ တစ်လကျော်ကြာအောင် ကျန်သေးသည်ဖြစ်၍ စိုင်းစဝ်တို့  ပျော်ရွှင်နေသည်။ နောက်တစ်ဖြတ်စာ ကျောင်းပြီးချိန်တွင် အလုပ်သို့ ဝင်ရတော့မည်။ ဝီလျှံရှိန်းနှင့် မတွေ့ခင်ကပင် W မှာ အလုပ်ဝင်ရဖို့သည် စိုင်းစဝ်၏ ရည်မှန်းချက်ဖြစ်သည်။ တစ်ခြား လုပ်ငန်းစုများနှင့် မတူညီစွာ လစာများများရသကဲ့သို့  စိုင်းစဝ်တို့ကဲ့သို့ အခြေခံလူတန်းစားများအပေါ် အကောင်းဆုံး Group ဖြစ်သည်။ တစ်ခြားတွင် ကျောင်းပြီးကာစ လူများကို အလုပ်မခေါ်သော်လည်း W တွင်တော့ နှစ်စဉ်နှစ်တိုင်း ခေါ်ယူရွေးချယ်ပေးသည်။ နိုင်ငံခြားပညာတော်သင် သွားလိုသူများကိုလဲ ထောက်ပံ့ပေးသည့် စနစ်လဲရှိသည်။ စိုင်းစဝ်အနေဖြင့်  ပညာတော်သင်ရရန်အတွက် မမျှော်မှန်းသော်လည်း အလုပ်လေးတော့ ရချင်မိသည်။

'တင်းတောင် '

သူရတို့ အိမ်ကို လာမည်ဟု ပြောထားသည်မှာ ရောက်လာကြပြီ ထင်ပါသည်။ စိုင်းစဝ် တံခါးဖွင့်ပေးလိုက်သည်။

"မင်းတို့ လာကြထိုင်ကြ ငါအအေးတိုက်မယ် ခနစောင့်နော်  "

"မင်းကလဲ ငါတို့က ဧည့်သည်မဟုတ်ပါဘူး "

"အေးပါကွာ အဲ့ဆို အအေးမသောက်တော့ဘူးလား "

"သောက်မှာ သွားယူလိုက် ဒါနဲ့ ဝီလျှံရှိန်းကို မတွေ့ပါလားစိုင်းစဝ်"

Find Love Because Of you (Complete)Where stories live. Discover now