Part(37)Uni+Zaw

1.5K 35 0
                                    

Part(37)

စိုင်းစဝ်အခန်းသို့ အမြန်တက်လာခဲ့သည်။ လမ်းတစ်လျှောကတွင် သွေးစက်လေးများတွေ့နေရသည်ဖြစ်၍ ဝီလျှံရှိန်း ရှိနေမည်မှာ သေချာသွားသည်။ စိုင်းစဝ် အခန်းတံခါးရှေ့တွင် စိတ်ကို ငြိမ်အောင်ထားကာ အခန်းထဲသို့ ဝင်လိုက်သည်။  နံရံကိုကျော မှီကာ ထိုင်နေသည့် ဝီလျှံရှိန်းအားတွေ့ လုက်ရသည်။ ဗိုက်တွင် ဒဏ်ရာရှိနေကာ မျက်နှာတွင်လည်း ဒဏ်ရာရှိသည်။ နှုတ်ခမ်းတွေဖြူနေသော ဝီလျှံရှိန်းကို တွေ့လိုက်ရသည်။ 

ဝီလျှံရှိန်း မျက်လုံးပင် မဖွင့်ချင်တော့သော်လည်း အခန်းထဲသို့ တစ်ယောက်ယောက်ဝင်လာသည့် အသံကြား၍ မော့ကြည့်လိုက်သည်။   ကိုယ့် အချစ်ကလေးက ကိုယ့်ဆီကို ပြန်လာနေတာဘဲ ကိုယ်အထင်မှားနေတာ အမြင်မှားနေတာဆိုရင်တောင် ကျေနပ်ပါတယ် ။

"အ...ချစ် အချစ်ကိုယ့်ဆီ ပြန်လာပြီ"

" အွန်း ငါပြန်လာပြီမို့ ဆေးရုံသွားကြမယ်ဝီလျှံရှိန်း ဘာလို့ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင် လုပ်ရတာလဲ"

"ကိုယ့်ရဲ့ အချစ် ကိုယ့်ဆီကို ပြန်လာခဲ့ပြီ"

ဝီလျှံရှိန်း အချစ်ကိုယ်ကို ဆွဲဖက်ထားလိုက်သည်။ 

စိုင်းစဝ် ဝီလျှံရှိန်း ဖက်လိုက်၍ လန့်သွားသော်လည်း အချိန်အတော်ကြာသည်အထိ တုန့်ပြန်မှုမရှိသည်ဖြစ်၍ စိုင်းစဝ် လန့်သွားသည်။

"ဝီလျှံရှိန်း..ဝီလျှံရှိန်း"

"ဒုန်း "

စိုင်းစဝ် အသံကြားသည်ဖြစ်၍ လှည့်ကြည့်လိုက်သည်။ ဝီလျှံရှိန်း၏ အစ်မက အခန်းထဲသို့ ဝင်လာသည်။

"ကလေးလေး လန့်သွားတယ်မလား အစ်မကို ကူပေးပါအုံး ဆေးရုံအမြန်ခေါ်သွားရအောင်"

"ဟုတ်ကဲ့ အစ်မ"

အစ်မက ဆေးရုံကားကို တစ်ခါထဲခေါ်လာသည်ဖြစ်၍ အဆင်ပြေသွားသည်။ဝီလျှံရှိန်းကို ဆေးရုံကားနှင့် ခေါ်သွားလေသည်။ စိုင်းစဝ် ဝီလျှံရှိန်း၏ အနောက်သို့ လိုက်ချင်သော်လည်း ကိုယ်က ထွက်သွားပြီးမှ ပြန်လာတဲ့သူ ဖြစ်သည့်အပြင် ကိုယ့်ကြောင့် ဝီလျှံရှိန်း ဒဏ်ရာ ရသွားသည်လားပင်မသိပါ။ ထို့ကြောင့် အိမ်ထဲသို့ ပြန်ဝင်လိုက်သော်လည်း

Find Love Because Of you (Complete)Where stories live. Discover now