Part(21)Uni+Zaw

1.8K 54 0
                                    

Part(21)

ဆောင်းဟေမာန်သွင်၏ကိစ္စကြောင့် ကျောင်းအတွင်း အတော်ပင် ဂရက်ထသွားလေသည်။ တစ်ပတ်လောက်အကြာတွင် ပြဿနာများ တော်တော်ရှင်းသွားလေသည်။

စိုင်းစဝ်နှင့် ဝီလျှံရှိန်းတို့လဲ တစ်ပတ်အတွင်းအရင်ကထက်ပို၍ အဆင်ပြေလာသည်။ စိုင်းစဝ်၏ စိတ်ထဲတွင် ဝီလျှံရှိန်းအား ပို၍ ယုံကြည့်လာသည်။ ဝီလျှံရှိန်းသည် အရင်ကထက် စိုင်းစဝ်အပေါ်နွေးထွေးလာသည်။  သူ၏ အချစ်ကို အရင်အချိန်ထပ်ပို၍ ဖွင့်ပြလာသည်ဟု စိုင်းစဝ်ထင်သည်။

တစ်ခါတစ်ရံ စိုင်းစဝ်တို့အတွဲနှင့် သူရတို့အတွဲ Dateကျသည့်အချိန်တွင် သူရတို့အတွဲက စကားများလေ့ရှိကြသော်လည်း စိုင်းစဝ်တို့က ဘာပြဿနာမှ သိပ်မဖြစ်၍ သူရတို့အတွဲက အမြဲပြောလေ့ရှိသည်။

စိုင်းစဝ်တို့ ပထမစာသင်ဖြတ်အတွက် စာမေးပွဲဖြေရန် နှစ်ပတ်သာ လိုတော့သည်။ ဝီလျှံရှိန်းသည် စိုင်းစဝ်၏ အိမ်တွင် လေးရက် ၊ သူ၏အိမ်တွင် သုံးရက်ပြန်အိပ်လေ့ရှိသည်။ နောက်ပိုင်းတွင် ဝီလျှံရှိန်းသည် စိုင်းစဝ် ဘယ်လောက်ပင်ပြောနေပါစေ အရင်လို အိပ်ယာ ခွဲမအိပ်တော့ပေ။ သူ့အတွက်ခင်းပေးထားသည်ကိုလဲ မအိပ်ဘဲ စိုင်းစဝ်၏ အိပ်ယာပေါ်တွင်သာ လာအိပ်လေသည်။

ဒီနေ့သည် ဝီလျှံရှိန်း၏ အစ်မမွေးနေ့ဟု ဆိုသည်။ ဝီလျှံရှိန်း၏ အစ်မသည် ယခုအချိန်ထိ အိမ်ပြန်မလာသေးပေ။ သို့သော် ကျောင်းတွင် ဝီလျှံရှိန်း အစ်မ၏ မွေးနေ့အတွက် အလှူများကို လုပ်ပေးသည်။ ထို့ကြောင့် ဒီနေ့တွင် ဆရာ/မများက အလုပ်ရှုတ်နေကြသည်။

"အားကစားချိန်ရောက်တော့ပြီဆိုတော့ စိုင်းစဝ် လိုက်မလား"

"မလိုက်တော့ဘူး ငါစာကြည့်တိုက်သွားပြီစာသွားလုပ်လိုက်မယ်  သွားပြီနော်"

စိုင်းစဝ် စာအုပ်များကို လက်တွင်ကိုင်ကာ စာကြည့်တိုက်သို့ ထွက်လာခဲ့သည်။

"ဘုတ် ...အ့"

"တောင်းပန်ပါတယ်ဗျ"

"အန်တီတောင်းပန်ပါတယ်ကွယ် သားလာတာမမြင်လိုက်လို့"

Find Love Because Of you (Complete)Where stories live. Discover now