Part(32)Uni+Zaw

1.3K 33 0
                                    

Part(32)

ဒီနေ့ ဝီလျှံရှိန်းက နှစ်ယောက် date ကြမည်ဟုပြောသဖြင့် စိုင်းစဝ်တို့  dateလုပ်ရန်ထွက်လာခဲ့ကြသည်။ စိုင်းစဝ်အား ဝီလျှံရှိန်းမှ အဖြူရောင် ဟူဒီလေး လက်ဆောင်ပေးခဲ့သဖြင့် စိုင်းစဝ် ထို အကျီလေးကို ဝတ်ကာ ထွက်ခဲ့သည်။ ဝီလျှံရှိန်းသည်လည်း စိုင်းစဝ်နှင့် ဆင်တူလေး ဝတ်ထားသည်။

"အချစ် ဘယ်သွားချင်လဲ ကိုယ့်ကို ပြောလေ "

"အွန်း ငါတို့ ကော်ဖီ ဆိုင်ကို အရင်သွားကြမယ် ပြီးတော့ ရုပ်ရှင်ကြည့်မယ် ညဈေးလျှောက်မယ် အိမ်ပြန်မယ်"

"ကိုယ် မြို့ထဲက ဆိုင်ကိုဘဲ သွားလိုက်မယ်နော်"

"မဟုတ်ဘူး 'Dream'ကို သွားမယ် သူက ဆိုင်အသစ်ဖွင့်ထားတယ်ပြောတယ် သူရတို့က အပင်လေးတွေနဲ့ ပန်းပင်ကြားထဲမှာ ကော်ဖီ ထိုင်သောက်ရတာတဲ့ အဲ့ကို သွားကြည့်ချင်တယ်"

"ဟုတ်ပြီ အချစ်ရချင်တဲ့အပင်လေးတွေ တွေ့ရင် ကိုယ့်ကို ပြောနော်"

"မရှိတော့ပါဘူး အခန်းသေးသေးလေးထဲမှာ အပင်တွေလဲ ပြည့်နေပြီ"

"ကျောင်းမဖွင့်ခင်လေးမှာ အချစ်ကြိုက်တာလုပ်နော်"

"စိတ်ချပါ မင်းနေရာကို သိလို့လား‌"

"ကိုယ်သိပါတယ်အချစ်"

စိုင်းစဝ်တို့ နာရီဝက်ခန့် ကားစီးပြီးသည့် အချိန်တွင် ဆိုင်လေးသို့ ရောက်သည်။ ဆိုင်လေးသည် ချစ်စရာအလွန်ပင်ကောင်းသည်။ နှစ်ထပ်ဆိုင်လေး ဖြစ်ကာ အောက်ဘက်တွင် အခန်းပိုအားအပြင်ထုတ်ထားကာ အမိုးအကြည်မိုးထားသည်။ တိုင်ပတ်ပတ်လည်တွင် အလှနွယ်ပင်များ စိုက်ပျိုးထားသည်။ ထိုင်ခုံများကို ပန်းပင်များကြားတွင်ထားကာ နေရာတစ်ခု ပုံဖော်ထားသဖြင့် လာထိုင်သူများအနေဖြင့် ပန်းပင်များကို လဲ မထိခိုက်စေပါ။  ဓာတ်ပုံရိုက်ကောင်းသည့် မြင်ကွင်းရှိ၍ ဆိုင်လေးသည် လူစည်သည်ဟုဆိုရမည်။

ကော်ဖီကို ကိုယ်တိုင် ကြိတ်ကာ ဖျော်လိုသူများအတွက် ဖျော်စက်လုပ်ထားပေးသည်ဖြစ်၍ စူးစမ်းလိုသူများအနေဖြင့် အဆင်ပြေလှသည်။ စိုင်းစဝ် ဆိုင်လေးကို အရမ်းသဘောကျမိသည်။ ဆိုင်ရှင်သည် စိတ်ကူးကောင်းသည့်သူ ဖြစ်မည်။စိတ်ကူးယဉ် ဆန်စွာဖွင့်လှစ်ထားသည့် ကော်ဖီဆိုင်လေး နာမည်နဲ့လိုက်ဖက် လွန်းသည်။

Find Love Because Of you (Complete)Where stories live. Discover now