Part(25)Uni+Zaw

1.7K 51 0
                                    

Part(25)

"အချစ် ..."

ဝီလျှံရှိန်း အချစ်ကိုတွေ့၍ ခေါ်လိုက်သော်လည်း အချစ်က ပြန်လှည့်မလာသည်မို့ အမြန်လျှောက်ကာ အချစ်လက်အား ဆွဲလိုက်သည်။

ဝီလျှံရှိန်း အချစ်မျက်နှာကိုကြည့်မိတော့ မျက်ရည်များကျနေသည်။

"ဟာ အချစ်ရယ်"

ဝီလျှံရှိန်း အချစ်အာ ရင်ခွင်ထဲထည့်လိုက်သည်။

"ဝီလျှံရှိန်း ဖယ် လွှတ်လို့"

"အချစ်ကိုယ့်ကို သဝန်တိုတော့ ကိုယ်က ပျော်‌လို့ပါ"

"ဘယ်သူက သဝန်တိုနေလို့လဲ ဖယ် သွား"

"ကိုယ်က ဘယ်သွားရမှာလဲ"

"မင်းသွားချင်တဲ့နေရာသွား "

"အချစ်ကသွားဆိုတော့လဲ သွားရတာပေါ့"

ဝီလျှံရှိန်း စိုင်းစဝ်အား ပြောရင်း အစ်မရပ်ကြည့်နေသည့်အနားသို့ လျှောက်လာခဲ့သည်။

စိုင်းစဝ် ဝီလျှံရှိန်း၏ ကျောပြင်ကို ရိုက်ပစ်ချင်စိတ်များဖြစ်ပေါ်နေသည်။ စိုင်းစဝ်ကြည့်နေသည့် အချိန်မှာပင် ထိုမိန်းခလေးအား စိုင်းစဝ်အနားသို့ ခေါ်လာထဲ့သည်။

"အချစ် ဒါ ကိုယ့်အစ်မ ဒေါက်တာပိုးနွေနွယ်ရှိန်းတဲ့"

စိုင်းစဝ် ဝီလျှံရှိန်း၏ မိတ်ဆက်ပေးမှုကြောင့် လန့်သွားခဲ့သည်။ အခုစိုင်းစဝ်က ဝီလျှံရှိန်းကို သူ့အစ်မနဲ့အထင်လွဲမိသွားတာလား။

"တွေ့ရတာ ဝမ်းသာပါတယ်နော် မောင်လေး"

ဝီလျှံရှိန်း အစ်မဘက်သို့ မျက်လုံးပြူးကာ ကြည့်နေသော အချစ်ကို ကြည့်ကာပြုံးမိသည်။

"အချစ် အစ်မက မိတ်ဆက်နေတယ်"

စိုင်းစဝ် ဝီလျှံရှိန်း၏ ခေါ်သံကြောင့်လန့်သွားသည်။

"ဟုတ်ကဲ့ စိုင်းစဝ်ခွန်မျိုးပါ ခင်ဗျ"

"တို့မောင်လေးကို ဂရုစိုက်ပေးနော် သူက ဆိုးတယ်မလား"

"အရမ်းကြီးတော့ မဆိုးပါဘူးခင်ဗျ "

"ဟုတ်ပါပြီ မောင်လေး တို့မောင်လေးက ဖောက်ပြန်ရင် တို့ကိုလာပြောနော် တို့ဆုံးမပေးမယ်"

Find Love Because Of you (Complete)Where stories live. Discover now