Part(3) uni+zaw

3K 103 0
                                    

Part (3)

‌မနေ့က တစ်နေ့လုံး စိတ်နဲ့လူနဲ့ မကပ်ဘဲ ကုန်ဆုံးခဲ့ရပြီဖြစ်သည်။ ရှေ့ဆက်လာမည့် ရက်များတွင် ထိုသို့ ဖြစ်၍ မရပါ။ စိုင်းစဝ် ဒီတက္ကသိုလ်က ဘွဲ့ရမှသာ စိုင်းစဝ် လိုချင်နေသည့် အလုပ်ကို ရလိမ့်မည် ဖြစ်သည်။ စိုင်းစဝ်ကြိုးစားမှ ဖြစ်ပါမည်။

အသက် နှစ်ဆယ်ကျော်အရွယ်တွင် ပထမဆုံး ရရှိခဲ့သော ရည်းစားဦးမှာ ကျွန်တော့်အဖို့ အလွန်ထိတ်လန့်ဖွယ် ဖြစ်နေသည်။ သူ့အမြင်မှာ ကျွန်တော်က သူ့အတွက် ကစားစရာ တစ်ခုလိုဖြစ်နေသလား။ ကျောင်းတွင်းက သူများ၏ အတွေးထဲတွင်ကော ကျွန်တော်က ဘယ်လောက်ထိ ရယ်စရာဖြစ်နေခဲ့သလားမသိပါ။

မနေ့ကပင် ကျွန်တော်သည် ဝီလျှံရှိန်းရည်းစား ဖြစ်၍ ဘဝင်မြင်သွားသည့် ပုံစံမျိုးစကားပြောသည့် ကောင်နှင့်ကြုံတွေ့ခဲ့ရသည်။ နောက်ထပ်နေ့ရက်တွေမှာ ဘယ်လို လူများနှင့် ကြုံတွေ့ရမည် မသိပါ။

ရည်းစားဖြစ်သည့် ပထမဆုံးနေမှာပင် 'ကိုယ်လိုက်ပို့ပေးရမလား'ဆိုသည့် ဝီလျှံရှိန်း၏ စကားသံကို ကြားယောင်မိတော့ ကြက်သီးထ သွားသည်။

စိုင်းစဝ် အိပ်ယာထဲတွေးနေရာမှ ထကာ ကျောင်းသွားရန် ပြင်တော့သည်။ ‌စိုင်းစဝ်နေသော နေရာသည် ယောင်္ကျားလေးများ‌သီးသန့်တိုက်ခန်း ဖြစ်သော်လည်း ကျောင်းသားများသာ နေခြင်းမဟုတ်ပါ။ အလုပ်ဝင်နေကြသည့် ယောင်္ကျားလေးများလဲ စုနေကြခြင်းဖြစ်သည်။ အိမ်က 3ထပ်ရှိကာ အပြင်တိုက်ခန်းများကဲ့သို့ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းနှင့် မီးဖိုခန်းတို့ပါရှိသည်။ တစ်ချို့အခန်းများတွင် နှစ်ယောက်စုကာ နေသူများရှိတယ် ။ တစ်ချို့က ကိုယ်ပိုင်အခန်းအဖြစ်ဝယ်ထားကြသူများလဲရှိသည်။ စိုင်းစဝ်ကတော့ အိမ်ခန်းကို ငှားထားခြင်းဖြစ်ကာ ဈေးသက်သာစေရန် ထိပ်ဆုံးက အထပ်ကို ငှားထားသည်။

စိုင်းစဝ် အခန်းမှ ထွက်ကာ လှေကားအတိုင်းဆင်းလာခဲ့သည်။ စိုင်းစဝ်တို့ တိုက်နှင့် အနီးစပ်ဆုံးတဠင် စိုင်းစဝ်တို့၏ တိုက်ပိုင်ရှင်ကဘဲ ဖွင့်ထားသည့် မိသားစုတိုက်ခန်းရှိသည်။ စိုင်းစဝ် လမ်းထဲမှထွက်လာလိုက်သည်။

Find Love Because Of you (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ