Part(30)Uni+Zaw

1.6K 38 0
                                    

Part(30)

စိုင်းစဝ်တို့ မြို့လေးကို ရောက်နေသည်မှာ တစ်ပတ်ခန့်ပင်ရှိနေပြီဖြစ်သည်။ ဝီလျှံရှိန်းက ဦးလေး၏ အလုပ်များကို ကူညီပေးလေ့ရှိသည်။ ဒီနေ့သည် စိုင်းစဝ်တို့မြို့၏ ကောက်သစ်များပေါ်လာချိန်ဖြစ်သည့်အတွက် ခေါပုတ်ထောင်းပြိုင်ပွဲကို ကျင်းပမည့်နေ့ဖြစ်သည်။ မြို့အတွင်းက ကွင်းပြင်ကြီးတွင် မြို့သူမြို့သားများပေါင်းစုံကာ ပွဲလုပ်ကြမည်ဖြစ်သည်။

စိုင်းစဝ်တို့အိမ်တွင် အဖွား၊ ဦးလေး၊ ဒေါ်လေး အကုန်လုံးမှ ပါဝင်ကြကာ ထောင်းပေးကြသည်။ လူကြီးများက အကုန်လုံးကို လှည့်ပတ်ကြည့်ကြသည်။ ဒီနေ့မှ ရသည့် ခေါပုတ်များ အားလုံးကို နောက်တစ်နေ့တွင် ဘုန်းကြီးကျောင်းတွင် ကျွေးမွေးလေ့ရှိသည်။

စိုင်းစဝ်သူငယ်ချင်း သန့်သူရကိုမှာတော့ စိုင်းစဝ်တို့အိမ်ကိုပင် ပြန်မလာတော့ပေ။ ပြည့်လျှံ၏ အိမ်တွင်သာ နေတော့သည်။ ပြည့်လျှံအမေကလဲ သဘောကျသည်ဖြစ်၍ သူရအတွက် အဆင်ပြေနေသည်။

ဒီနေ့တွင် ပြည့်လျှံတို့အိမ်နှင့် စိုင်းစဝ်တို့အိမ်က အဖွဲ့ကွဲသွားသည်။ နှစ်တိုင်း နှစ်အိမ်က တစ်ဖွဲ့ကျနေကြဖြစ်ကာ အမြဲ ပထမရနေသည့် အဖွဲ့ပင်ဖြစ်သည်။ ဒီနှစ် နှစ်ဖွဲ့ကွဲသွားသည်ဖြစ်၍ ဘယ်အဖွဲ့ကရမည်လဲကို ပိုစိတ်ဝင်စားနေကြသည်။

စိုင်းစဝ်တို့ ခေါပုတ်စလုပ်ရန် ကောက်ညှင်းက စပေါင်းသည့်အချိန်မှ စ၍ ပြိုင်ပွဲနေရာသို့ ရောက်နေကြပြီဖြစ်သည်။ အဖွားတို့၏ အနားတွင် ထိုင်နေလိုက်သည်။

"မြေးသွား မြေးသူငယ်ချင်းကို တစ်ခြားသူတွေကို လိုက်ပြပေးလိုက်ပါအုံး ဖွားတို့ ထောင်းနေတဲ့အခါမှ ဖွားတို့ဆီကို ပြန်လာ"

"ဟုတ်ဖွား ၊ ဝီလျှံရှိန်း လာသွားကြစို့"

စိုင်းစဝ် ဝီလျှံရှိန်းအားခေါ်ကာ ကွင်းထဲသို့ လိုက်ပြလိုက်သည်။ ဒီနေ့ညသည် လပြည့်ညလဲဖြစ်သည်။ လူလတ်ပိုင်းများနှင့် လူကြီးများက ခေါပုတ်ထောင်းပြိုင်နေကြသကဲ့သို့ ကလေးများဘက်တွင်လဲ ထုတ်စည်းထိုးပွဲအားကျင်းပနေသည်။

Find Love Because Of you (Complete)Where stories live. Discover now