Part(29)Uni+Zaw

1.4K 39 1
                                    

Part(29)

စိုင်းစဝ် နောက်တစ်နေ့တွင် ဝီလျှံရှိန်းတို့အား စိုင်းစဝ်တို့၏ မြို့လေးသို့ လိုက်ပြပေးသည်။ စိုင်းစဝ်တို့ ၏ မြို့လေးတွင် လည်ပတ်စရာများ သိပ်မရှိပေ။ တောင်အောက်တွင် စိုက်ပျိုးထားသည့် ဆီမုန့်ညှင်းအခင်းဘက်သို့ လိုက်ပြဖြစ်သည်။  အဝါလေးပန်းပွင့်လေးများဖြင့် တစ်ခင်းလုံးပြည့်နေသည်။

"အချစ် ဒါလေးတွေက ဘာလုပ်တာလဲ"

"ဆီလုပ်တာလေ ဒီက ရလာတဲ့ အစေ့လေးတွေကို  ဒီဘက်က ငါတို့ခြံ ဟိုဘက်က မြင်နေရတဲ့ အပင်လေးထိပါတယ်"

"စိုင်းစဝ် မင်းတို့ အခင်းသူများမလာဘူးလား"

"မလာပါဘူး သူရရဲ့  ဒီမှာက အိမ်တိုင်းလိုလို အခင်းတွေရှိကြတယ်လေ စိုက်ပျိုးတဲ့ အပင်တွေသာ မတူကြတာ "

"အော် ပျော်စရာကြီးနော် ငါ မင်းမပြောပြရင် ပန်းခင်းလို့ဘဲ ထင်နေတာ"

"ငါ ငယ်ငယ်တုန်းကလဲ အဲ့လိုဘဲ ထင်နေတာ ကြီးလာမှ အဖွားပြောလို့ သိတာ"

"အော် ... "

"အဲ့ဆို နောက်တစ်နေရာကိုသွားကြရအောင်လေ"

"အွန်း ဝီလျှံရှိန်းလာလေ"

"အချစ်က ကိုယ့်ကိုကြည့်"

"ဖြတ်" 

ဝီလျှံရှိန်း စိုင်းစဝ်အား ပုံလေးရိုက်ပေးလိုက်သည်။ အဝါရောင် မုန့်ညှင်းခင်းနှင့် အချစ်လေးသည် အလွန်ပင်ကြည့်ကောင်းနေပါသည်။

"မင်း ငါ့ကို ကြိုလဲမပြောဘူး"

"ကြိုမပြောဘဲရိုက်ပေးတာက ပိုလှတယ်အချစ်သဘာဝပိုဆန်တယ် "

"မင်းကတော့ လာနောက်တစ်နေရာသွားကြမယ်"

စိုင်းစဝ်တို့မြို့အနှံ့ ပြပေးလိုက်သည်။ စိုင်းစဝ်တို့ အိမ်ပြန်ရောက်ချိန်တွင် သူရသည် ပြည့်လျှံတို့၏ အိမ်အား ထွက်သွားသည်။ သူရသည်လည်း ပြည့်လျှံတို့ အိမ်၏ ဧည့်သည်ပင်ဖြစ်နေသည်။ စိုင်းစဝ်တို့ အိိမ်တွင် ခနသာ နေ၍ ပြည့်လျှံတို့ အိမ်သို့ အမြဲရောက်နေတတ်သည်။ 

"ဖွားမြေးလေး ဖွားနဲ့ ဈေးလိုက်ခဲ့မလား"

"ဟုတ်ဖွား လိုက်မယ်"

Find Love Because Of you (Complete)Where stories live. Discover now