Part(11)uni +zaw

2.2K 70 0
                                    

Part (11)

"အဲ့တော့ မင်းက မတောင်းပန်လိုက်ရဘူးပေါ့"

"အေ မတောင်းပန်လိုက်ရတဲ့အပြင် ဘောလုံးမှန်မယ့် ငါ့ကိုတောင် ကယ်သွားသေးတယ်"

"မင်းကတော့ ဝီလျှံရှိန်းကို ကျေးဇူးတင်စရာ များနေပြီဘဲ "

"သူရ ငါလဲ တောင်းပန်မလို့လေ အခုလိုဖြစ်လိုမှ မထင်တာ"

"သူငယ်ချင်းနှစ်ယောက် ဘာတွေငြင်းနေကြပြန်ပြီလဲ"

စိုင်းစဝ်တို့က ဆိုင်တွင်ပြောနေကြသည်ဖြစ်၍ ဆိုင်က အစ်မက မေးလာသည်။

"ဒီကောင်လေ အစ်မရဲ့ ကိုယ့်ဘက်က ရန်ဖြစ်ပေးတဲ့သူကို ရိုင်းစိုင်းတယ်လိူ့ပြောခဲ့တယ်တဲ့ အဲ့သူကို ဒီနေ့သွားတောင်းပန်တာ သူက မတောင်းပန်ရသေးဘူး ဟိုက သူ့ကို ပြန်ကူညီသွားတယ်လေ "

"ဟယ် စိုင်းစဝ်‌တို့ကတော့ ဖြစ်ရမယ် ဒါနဲ့ အဲ့တစ်ယောက်က ရိုးကေား ရိုးလား"

"မရိုးဘူးအစ်မ သူ့ရည်းစား"

"အမယ်လေး စိုင်းစဝ်ကောင်လေးကို အစ်မတို့ဆော့ တွေ့ဖူးချင်နေပြီ အဲ့လိုကောင်လေးမျိုး ရချင်နေတာ"

"ကျွန်တော်လဲ ပြောနေတာ အစ်မရေ အဲ့ကောင် သူများနောက်ပါမှ ခံစားနေရမှာ"

"ခံစားမနေဘူး ဘာဆိုင်လို့လဲ "

"အေ အခုတော့ ပြောထား‌ပေါ့ အိမ်ပြန်ရောက်ရင် ဝီလျှံရှိန်းကို တောင်းပန်ဖို့ မမေ့နဲ့နော် ဝီလျှံရှိန်းကို ကောင်းကောင်းဆက်ဆံလိုက်"

"အဲ့ဒါ မင်းအပူလား သူရ နေပါအုံး မင်းက ငါ့သူငယ်ချင်းလား ဝီလျှံရှိန်းသူငယ်ချင်းလား"

"ဝီလျှံရှိန်းနဲ့ သူငယ်ချင်းဖြစ်ရလဲ နည်းလားကွာ "

"မင်း ငါ့ကို လာမခေါ်နဲ့တော့"

"စိုင်းစဝ်ခွန်မျိုး"

"ဟင် ထွဋ်ခေါင်ပြည့်လျှံ"

သန့်သူရကိုနှင့် စကားပြောနေချိန် နာမည်ခေါ်သံကြား၍ ကြည့်လိုက်တော့ ပြည့်လျှံဖြစ်နေသည်။

"ပြည့်လျှံ ပစ္စည်းလာဝယ်တာလား"

"မဟုတ်ဘူး မင်းဆီလာတာ အပြင်လိုက်လို့ရလား"

Find Love Because Of you (Complete)Where stories live. Discover now