Part(38)Uni+Zaw

1.7K 34 0
                                    

Part(38)

ဝီလျံရှိန်း‌ဆေးရုံက ဆင်းပြီးသည့်နောက်တွင် စိုင်းစဝ်တို့ နှစ်ယောက်အတူနေသည့် အိမ်ကိုသာ ပြန်ခဲ့ကြသည်။ ဝီလျှံရှိန်း အိမ်ပြန်သည့်အခါတွင် စိုင်းစဝ်ပါ ဝီလျှံရှိန်း၏ အိမ်တွင် လိုက်နေရသည်။ 

ယခုလည်း စိုင်းစဝ်တို့ ဝီလျှံရှိန်း၏ အိမ်သို့  သွားနေခြင်းဖြစ်သည်။ မကြာခင်ကျောင်းလဲ ဖွင့်တော့မည်ဖြစ်သည်။ ဒီတစ်ခါ ကျောင်းတက်ပြီးလျှင် စိုင်းစဝ်တို့ လုပ်ငန်းခွင်ကိုယ်စီဝင်ကြတော့မည် ဖြစ်သည်။

"လာ ကလေးလေး လာလာ မာမီက ကလေးလေးလာမှာဆိုလို့ မျှော်နေတာ"

ဝီလျှံရှိန်း၏ အမေက အိမ်ရှေ့တွင် ထွက်ကြိုနေသည်။ မာမီက အချစ်အား ကလေးလေးနှင့် တူသည်ဟုဆိုတာ ကလေးလေးလို့သာခေါ်တော့သည်။ ကိုယ့်သားအရင်းထက် အချစ်ကို ပိုချစ်နေတဲ့သူပေါ့။ တစ်ခါတစ်လေ မာမီနှင့် အပင်လေးတွေစိုက်ကြသကဲ့သို့ ဒယ်ဒီ့ကိုလဲ စာအုပ်အကြောင်းတွေ ဝင်ပြောတတ်သေးတာ။ ကိုယ်ကသာ ဒယ်ဒီနှင့် စကားမပြောသော်လည်း အချစ်ကတော့ ဒယ်ဒီနှင့် စကားဝင်ပြောတတ်သည်။ 

"ဟီး..ဟုတ်ကဲ့ နေကောင်းတယ်မလား မာမီ"

"ကောင်းတာပေါ့ ကလေးလေးက မာမီ့ကို ဆေးသောက်မယ့် အချိန်တွေကို သေချာဖုန်းဆက်တော့ မာမီမေ့နေရင်တောင် ကလေးလေးပြောလို့ သောက်ဖြစ်တယ် ဟိုတစ်ယောက်နဲတော့ ကွာတယ်"

"ဟီး.. သူလဲ သတိရပါတယ် မာမီ"

"အေးပါ ဟော့ဒီက ကလေးလေးက ပြောတော့လဲ ယုံရတာပေါ့"

"ကလေးလေးအတွက် မာမီပြင်ခိုင်းထားပြီနော်"

"ဒီတစ်ခါ ကျွန်တော့်အခန်းထဲမှာဘဲ နေတော့မှာ ပြင်မနေနဲ့တော့ မာမီ လာ အချစ်"

ဝီလျှံရှိန်း အချစ်၏ လက်ကို ဆွဲကာ အခန်းထဲသို့ ခေါ်လာခဲ့သည်။ 

"အချစ်ထိုင် ဒါကိုယ့်အခန်း အရင်နေ့တွေထဲက ခေါ်ချင်တာ"

ဝီလျှံရှိန်း၏ အခန်းသည် အတော်ပင်ကျယ်သည်။ စိုင်းစဝ်၏ အခန်း နှစ်ခန်းစာမျှမက ကျယ်သည်။ အခန်းတစ်ခုလုံးကို မီးခိုးရောင်လေးသုပ်ထားသည်။ စာကြည့်စားပွဲပေါ်တွင် စိုင်းစဝ်၏ ပုံလေးကို ထားထားသည်ကို တွေ့ရသည်။  စိုင်းစဝ်တို့ အိမ်လေးမှာ ရိုက်ထားသည့်ပုံလေးဖြစ်သည်။ ကော်ဖီခွက်ကိုင်ထားကာ စကားလှမ်းပြောနေသည့် ပုံလေးကိုဒီမှာ တင်ထားခြင်းဖြစ်သည်။ ထိုနေ့က ခေါင်းလျှော်ပြီးကာစချိန်ဖြစ်၍ ဆံပင်များကျနေသည်။ 

Find Love Because Of you (Complete)Where stories live. Discover now