Part(19)Uni+Zaw

1.8K 50 0
                                    

Part(19)

စိုင်းစဝ် ကျောင်းသို့ အစောထွက်လာခဲ့လိုက်သည်။ သူရကိုလဲ ဖုန်းမဆက်သေးဘဲ ကျောင်းခန်းထဲတွင် ထိုင်နေလိုက်သည်။

'တီ ... တီ'

"အေ သူရပြော"

"မင်းမလာသေးဘူးလား ငါကားဂိတ်မှာ မတွေ့လို့"

"ငါ ကျောင်းရောက်နေပြီသူရ မင်းလာခဲ့လိုက်တော့"

"အေအေ ခနနေတွေ့မယ်"

စိုင်းစဝ် မကြာမှီအချိန်ပင် စာမေးပွဲဖြေရတော့မည်ဖြစ်၍ စာလုပ်နေလိုက်သည်။ ဝီလျှံရှိန်း၏ ရည်းစားအဖြစ်တစ်ပတ်အတွင်းတော့ လူသိများနေပေလိမ့်မည်။ ပြီးလျှင် ပျက်သွားကာ  ရည်းစားဟောင်းအဖြစ်ရှိနေလိမ့်မည်။

"စိုင်းစဝ်ခွန်မျိုး "

စိုင်းစဝ် ခေါ်သံကြား၍ လှည့်ကြည့်လိုက်သည်။

"ဆောင်းဟေမာန်သွင် "

"မှတ်မိသားဘဲ တို့က မမှတ်မိဘူးထင်နေတာ "

"ဘာကိစ္စရှိလို့လဲ မင်းနဲ့ ပြောစရာစကားမရှိဘူးထင်တယ်"

"တို့က ဒီတိုင်းခေါ်တာပါ ဘယ်လိုလဲ ရှိန်းရဲ့ ကောင်လေးဖြစ်ရတာ ကောင်းလား"

"မင်းနဲ့ဘာဆိုင်လဲ  "

"ဟုတ်ပါတယ်တို့နဲ့မဆိုင်ဘူး ဒါပေမယ့် မင်းကြောင့် ရှိန်းက တိူ့ခေါ်တာကို ငြင်းခဲ့တာလေကွယ်"

"မင်းပြောချင်တယ်ဆို ဝီလျှံရှိန်းကို ပြောလိုက် ငါက သိပ်အားနေတဲ့သူမဟုတ်ဘူး မင်းမှာ အရှက်မရှိဘူးလား သူများအပိုင်ကိုမှ လိုချင်နေတယ်"

"တို့က ရှိန်းကို သိပ်ချစ်လွန်းနေတော့ ရှက်ရမယ်မှန်းတောင် မေ့နေတာ "

"အရှက်မရှိတဲ့ မိန်းမတွေနဲ့စကားမပြောချင်လို့ ဒီက ဘဲ ထွက်သွားပေးနော်  အေးဆေး စာလုပ်လိုက်အုံးမယ်"

"ထွက်သွားမှာပါ ဒါလေးတို့ကိုပေးလိုက်နော်"

စိုင်းစဝ်၏ မှတ်စု စာအုပ်အား ဆောင်းဟေမာန်ယူသွားသည်။

"ဟေ့ ငါ့စာအုပ်ပြန်ပေးဆောင်းဟေမာန်"

"ဒီမှာကြည့် စိုင်းစဝ်ခွန်မျိုး နင့်ကိုယ်ငါ ဒီလိုဖြစ်အောင်လုပ်ပြမယ်"

Find Love Because Of you (Complete)Where stories live. Discover now