Part(4)uni+zaw

2.8K 92 0
                                    

part (4)

စိုင်းစဝ် သန့်စင်ခန်းထဲတွင် အင်္ကျီကို ရေနှင့် ဆေးချလိုက်သည်။

"စိုင်းစဝ် ငါမင်းအတွက် အင်္ကျီလဲလို့ရအောင် သွားယူလိုက်အုံးမယ် ခနစောင့်နော်"

"မဟုတ်ဘူး သူရ ငါ့မှာ အင်္ကျီအပိုမပါဘူး မင်းမှာပါလား"

"မပါဘူးလေ ဘယ်လိုလုပ်မလဲ"

"ရပါတယ် အပြင်က အင်္ကျီဘဲ အဓိကစိုတာဘဲ အထဲမှာ တစ်ထည်ပါသေးတယ် အဲ့အတိုင်းနေလိုက်မယ်"

"စာသင်ချိန်က 3 နာရီကျန်သေးတယ် မင်းအ‌ဆင်ပြေပါ့မလား "

"ပြေပါတယ် အခုက ငါ့ဒူးက နားနေတာ ဒူးမှာ ပေါက်သွားတယ်ထင်တယ် "

"ကျောင်းဆင်းရင် ဆေးဆိုင်ဝင်ပြီး ဆေးဝယ်ရအောင် အိမ်ရောက်မှ ဆေးထည့်လိုက် "

"အေ အဲ့လိုဘဲလုပ်ရမှာပေါ့   အခန်းထဲ သွားကြရအောင် ခနနေ ဆရာ ဝင်တော့မယ်"

စိုင်းစဝ်တို့ စာသင်ခန်းဘက်ကို ထွက်လာကြသည်။

"စိုင်းစဝ် မင်းသူနဲ့ မတွဲနဲ့တော့"

"မင်းဘာကိုပြောနေတာလဲ"

"ဝီလျှံရှိန်းကို ပြောနေတာလေ သူနဲ့ မတွဲနဲ့တော့ ကိုယ့်ရည်းစားတစ်ယောက်လုံးကို ဒီတိုင်းထားပြီး သွားတဲ့ကောင်နဲ့မတွဲနဲ့တော့"

"သူရ မင်းဘယ်အချိန်မှ နားလည်မှာလဲ ဟင် ငါကကော သူနဲ့တွဲချင်လွန်းလို့ တွဲနေတယ် ထင်နေတာလား မင်းသူငယ်ချင်းငါက အမိန့်ပေးခံခဲ့ရတာကွ "

"ငါလဲ သူအဲ့လောက်ထိ အကျင့်ဆိုးမယ် မသိလို့ပေါ့ ဘာဘဲဖြစ်ဖြစ် အားတင်းထားနော်"

"အခုတောင် တစ်ယောက်ဘဲရှိသေးတယ် နောက်ဘယ်နှစ်ယောက်လောက်လာမလဲ မသိဘူး"

"ဟာ မင်းကလဲ အဲ့လိုမတွေးပါနဲ့‌ကွာ နောက်မဖြစ်နိုင်တော့ပါဘူး"

"ထင်ရတာပါဘဲ"

စိုင်းစဝ်နဲ့ သူရ အခန်းရှေ့ရောက်သည့်အခါတွင် ဝီလျှံရှိန်းနှင့်တွေ့သည်။

"မင်းမှာ ရန်သူတော်တော်များတယ်ထင်တယ်နော်"

"အဲ့ဒါဘယ်သူ့ကြောင့်လဲ မင်းကြောင့်လဲ အရင်က ငါ့ကို သိတဲ့သူတောင်ရှိတာမဟုတ်ဘူး အခုမင်းကြောင့် ဒီလိုတွေ ဖြစ်နေတာ ငါ မင်းရည်းစာူလဲမဖြစ်ချင်ပါဘူး ငါ့ကို လွှတ်ပေးပါတော့"

Find Love Because Of you (Complete)Kde žijí příběhy. Začni objevovat