Part(16)Uni+Zaw

1.9K 51 0
                                    

Part(16)

စိုင်းစဝ်တို့ နေ့လည် နှစ်နာရီ အချိန်တွင် ရောက်ရှိသည်။ စိုင်းစဝ်တို့ရောက်သည့်နေရာသည် တောင်ခြေတစ်ခုအောက်တွင်ဖြစ်သည်။ အနီးရှိရေတံခွန်သို့ လာကြသည်မို့ ရေတံခွန်ထံသို့ လမ်းလျှောက်သွားရမည်ဖြစ်သည်။ စိုင်းစဝ် အထုပ်ကို သယ်ရန် ယူလိုက်သည်။

"အချစ် မသယ်နဲ့ ကိုယ်သယ်ခဲ့မယ် အချစ်က ဒီအတိုင်သွား "

"ရတယ် မလိုဘူး ငါ ဒီအတိုင်းမသွားချင်ပါဘူး"

"အဲ့ဆို အချစ်ရဲ့ မုန့်အိတ်ဘဲသယ်လိုက်ဟုတ်ပြီလား အဝတ်အိတ်ထဲမှာ ကိုယ့်အဝတ်အစားလဲ ပါတယ်လေ ဘာမှဖြစ်ဘူး နော်"

"ပြီးရော သွားမယ်"

စိုင်းစဝ်တို့ နားမည့်ရေတံခွန်ထံ ရောက်ရန် မိနစ်20ခန့် လမ်းလျှောက်ရသေးသည်။  ရေတံခွန်နားနီးလာသည်နှင့်အမျှ ရေကျသံကို ကြားလိုက်ရသည်။

ရေတံခွန်သည် 7ထပ်ရှိသည့် ရေတံခွန်ဖြစ်သည်။ ထိပ်ဆုံးအထပ်မှ ရေများအစီးသန့်သဖြင့် 7ထပ်တွငါ အပေါ်ဆုံး 4ထပ်အား လူများမတတ်ရန် တားမြစ်ထားသည်ကို တွေ့ရသည်။

ရေတံခွန်အနီးတွင် အဆောက်အဦး တစ်ခုရှိသည်။ ရေတံခွန်က ထိုအဆောက်အဦး၏ အနားတွင်ရှိနေသော ကြိုးတံတားတစ်ခုအား လျှောက်ပြီးမှ ရောက်သည်။

"ကဲ ဆရာမတို့ မိန်းကလေးတွေက အိမ်ထဲက အဆောက်အဦးထဲမှာ အကုန်စုနေရမယ် ယောင်္ကျားလေးတွေကတော့ ဒီက လူကြီးတွေ ဆောက်ပေးတဲ့တဲလေးတွေမှာ 2ယောက်တစ်ခန်းနေကြမယ်နော် "

"ဟုတ်ကဲ့ဆရာမ"

"ညဘက်တွေ ကိုယ့်တဲထဲမှာဘဲနေကြပါ ည8နာရီ ဆရာမလူစစ်ပါမယ်နော် ဒီဘက်က ကိုယ့်အရပ်ဒေသမဟုတ်တဲ့အတွက် သေချာလေးဂရုစိုက်ကြမယ်နော်"

"ဟုတ်ကဲ့ပါဆရာမ"

"အချစ်က ကိုယ်နဲ့နေနော်"

ဆရာမပြောပြီးသည်နှင့် ဝီလျှံရှိန်းက ပြောလာသည်။

"ဒါပေမယ့် သူရက ဘယ်လိုလုပ်မလဲ"

"စိုင်းစဝ် ငါကရတယ် မင်းတို့နှစ်ယောက်နေလိုက် မင်းရဲ့လူက နောက်ထပ်အသိရှိပုံလဲ မပေါ်ဘူး ငါဟိုဘက်က တဲမှာ နေလိုက်မယ်"

Find Love Because Of you (Complete)Where stories live. Discover now