Part(12)uni+zaw

2.2K 64 0
                                    

Part (12)

"အင်း....အင်း..."

"စိုင်းစဝ် သတိရလာပြီလား သက်သာလား"

စိုင်းစဝ် ခေါင်းက နာကျင်နေကာ သူရ၏ အသံကြောင့် ပြန်၍ပင်သတိမေ့ချင်သွားသည်။

"ရတယ် သက်သာတယ် သူရ ငါ့ကို ရေနည်းနည်း တိုက်ပါလား"

"အေ ပြည့်လျှံ ဆရာဝန်သွားခေါ်ပေးနော် ဝီလျှံရှိန်းကိုကော စိုင်းစဝ်သတိရပြီလို့ပြောခဲ့"

သူရ ဘေးတွင် ထိုင်နေသည့် ပြည့်လျှံအား ပြောလိုက်သည်။

"စိုင်းစဝ် ခေါင်းက နာနေသေးလား"

"အွန်း နည်းနည်းတော့ နာသေးတယ်"

"အေ ခန္ဓာကိုယ်တွေကကော နာသေးလား"

"အရမ်းတော့မနာတော့ဘူး"

သူရ စကားပြောနေချိန် ဆရာဝန် ဝင်လာခဲ့သည်။ ဆရာဝန်မှ စစ်ဆေးစရာများ စစ်ဆေးကာ ချိတ်ထားသည့် ဆေးကုန်လျှင် ဆေးရုံဆင်းလို့ရပြီ ဖြစ်ကြောင်း ပြောသည်။ ‌မှာစရာများ ပြီးသွားသည့်အခါ ဆရာဝန်က ပြန်ထွက်သွားလေသည်။

"စိုင်းစဝ် ခ‌ဏနေ ဝီလျှံရှိန်းလာလိမ့်မယ် သူ့ကို ကောင်းကောင်းလေးပြောပေးလိုက်နော်"

"အေးပါ "

ဝီလျှံရှိန်းသည် စိုင်းစဝ်၏ ကုတင်ဘေးက ခုံတွင် ထိုင်သည်။ ဝီလျှံရှိန်းရောက်သည်နှင့် သူရနှင့် ပြည့်လျှံက ထွက်သွားသည်။

"မင်းအဆင်ပြေရဲ့လား "

စိုင်းစဝ် ဝီလျှံရှိန်းကို မေးလိုက်သည်။

"ဘာလို အဲ့လိုလုပ်ရတာလဲ ၊ ဘာအတွက် အဲ့လိုလုပ်တာလဲ"

"မင်းဘာတွေပြောနေတာလဲ ဝီလျှံရှိန်း "

"မင်းအခုလို လုပ်လိုက်လို့ မင်းတစ်ခုခု ဖြစါသွားရင် ဘယ်လိုလုပ်မလဲ"

"ဝီလျှံရှိန်း အခုငါ ဘာမှ မဖြစ်ဘူးလေ ပြီးတော့ တစ်ဖက်မိန်းခလေး တစ်ယောက် ဒုက္ခရောက်နေတာကို ငါဒီအတိုင်းကြည့်မနေနိုင်ဘူး"

"မင်းဝင်ပါလိုက်တော့ ဘာရလဲ မင်းမှာ ဒဏ်ရာတွေဘဲလေ မင်းသူငယ်ချင်းကော ငါကောရောက်မလာရင် ဘယ်လိုလုပ်မလဲ ဘာလို့ကိုယ့်ကိုကိုယ် အရင်မတွေးရတာလဲ"

Find Love Because Of you (Complete)Where stories live. Discover now