Part(9)Uni+Zaw

2.3K 76 0
                                    

Part(9)

ဝီလျှံရှိန်းနှင့် တစ်အိမ်ထဲအတူနေနေသည်မှာ တစ်လခန့်ပင်ရှိနေပြီ ဖြစ်သည်။ စိုင်းစဝ်တို့၏ ကျောင်းတွင် မကြာခင် လေ့လာရေးခရီးဘတစ်ခု ထွက်ရမည် ဖြစ်သည်။ အရင်နှစ်များတွင် စိုင်းစဝ်မလိုက်ဖြစ်သော်လည်း ယခုသည် တက္ကသိုလ်ကျောင်းသားဘဝ၏ နောက်ဆုံးနှစ် ဖြစ်သည်မို့ လိုက်ရန် ဆုံးဖြတ်ထားသည်။

အတန်းအလိုက်သွားရသည်ဖြစ်၍ ဝီလျှံရှိန်းနှင့် စိုင်းစဝ်လည်း အတူသွားရမည်မှာ မလွဲ မသွေပင် ဖြစ်သည်။

စိုင်းစဝ်နှင့် ဝီလျှံရှိန်းသည် တစ်လအတွင်း အရင်ကထက်အနည်းငယ် ပို၍ ရင်းနှီးလာသည်ဟု ဆိုရမည်။ သို့သော် စိုင်းစဝ် ဝီလျှံရှိန်အပေါ်နားမလည်နိုင်သည်များလဲ ရှိသေးသည်။

စိုင်းစဝ်နှင့် ဝီလျှံရှိန်း အရင်အပတ်က စကားများကြသေးသည်။ စကားများကြသည်ဆိုရာတွင် နှစ်ဦးသား ရန်ဖြစ်ကြခြင်းမဟုတ်ပေ။ စိုင်းစဝ်၏ သူငယ်ချင်းဖြစ်သည့် ထွဋ်ခေါင်ပြည့်လျှံ နှင့် သူ၏ ကောင်လေးတို့က လည်ပတ်ရန် ခေါ်သဖြင့် စိုင်းစဝ်က လိုက်သွားခဲ့သည်။

ဝီလျှံရှိန်းသည်လည်း မည်သို့ သိသည် မသိပါ စိုင်းစဝ်တို့၏ အနောက်တွင်ပါလာခဲ့သည်။

"ဘယ်လုပ်မလို့လဲ"

"ကစားကွင်းလာပါတယ်ဆို ကစားမလိုပေါ့ မင်းကဘယ်လိုသိပြီးရောက်လာပြန်တာလဲ"

"အချစ်ဘယ်သွားလဲ ကိုယ်သိတယ်"

"ဟေ့ စိုင်းစဝ် ငါတို့ အာကာသပျံသွားစီးမယ်"

"တော်ပြီ ငါကြောက်တယ် မစီးဘူး "

"ဟာ နင်က ကစားကွင်းလာတာ ဘာမှ မစီးဘူးလား"

"ငါမကြိုက်လို့ "

"ဒါပေမယ့် ငါတို့ တိုက်ကားသွားစီးမယ်း ပြီးရင် အရုပ်ကောက်တဲ့ဘက်သွားမယ် တစ်ခြားဂိမ်းတွေဆော့ပြီးရင် ပြန်မယ်"

"ပြီးရော သွားမယ်"

"မင်းတို့အတွဲက တစ်စီး ငါတို့အတွဲက တစ်စီး စီးကြမယ်"

"မင်းနဲ့ ငါနဲ့ဘဲ စီးမယ်လေ "

"noစီးကြည့်ပါပျော်စရာကောင်းတယ် သူတို့ကို မောင်းခိုင်းမယ် အစ်ကို စီးမယ်မလား"

Find Love Because Of you (Complete)Where stories live. Discover now