Part(7)uni+zaw

2.4K 76 0
                                    

Part (7)

တီး...တောင်!

စိုင်းစဝ် ကျောင်းသွားရန် ပြင်နေသည်။ အိမ်ကို ဧည့်သည်လာစရာလဲ မရှိပါ။

စိုင်းစဝ် တံခါးကို အမြန်ဖွင့်လိုက်သည်။

"ဘာကိစ်စလဲ မသိဘူး"

စိုင်းစဝ်မမြင်ဖူးသူဖြစ်၍ မေးလိုက်သည်။

"နောက်သုံးရက်အတွင်း အခန်းပြောင်းပေးပါ ဒီတိုက်ခန်းကို ငါတို့ ရောင်းတော့မယ်"

"ဗျာ အဲ့လို ဘယ်လိုဖြစ်မှာလဲ ကျွန်တော် ငှားထားတာ တစ်နှစ်လုံးအတွက်လေ အိမ်ရှင် အိမ်ငှား စည်းကမ်းတော့ လိုက်နာအုံးမှပေါ့"

"ဒီမှာ မင်းအဲ့လောက် ပြောချင်နေရင် မင်းငှားထားတဲ့ သူဌေးကို ပြောလိုက် ငါလဲ သူပြောတဲ့အတိုင်းပြောပေးနေတာ"

စိုင်းစဝ်အခန်းထဲ ဝင်ကာ သူရကို ဖုန်းဆက်လိုက်သည်။

"သူရ ငါ့ကို ခွင့်တိုင်ပေးအုံး ငါဒီနေ့ ကျောင်းမလာနိုင်တော့ဘူး"

"ဘာဖြစ်လို့လဲ စိုင်းစဝ်"

"ငါ့ငှားထားတဲ့ တိုက်ခန်းကို ရောင်းတော့မှာတဲ့ အဲ့ကြောင့် ပိုင်ရှင်နဲ့စကားသွားပြောမလို့"

"အေအေ အဆင်မပြေရင်လဲပြောနော်"

"အွန်း အဲ့ဆို ဒါဘဲနော် ညနေမှ တွေ့ရအောင်"

"အေအေ"

စိုင်းစဝ် တိုက်ပိုင်ရှင် နေသည့် အိမ်ဘက်သို့ လာခဲ့သည်။

"ကျွန်တော် ...... လမ်းက တိုက်ပိုင်ရှင်နဲ့ တွေ့ချင်လို့ပါ"

"ဆရာ ဆရာနဲ့ တွေ့ချင်လို့တဲ့"

"ဘာကိစ္စနဲ့‌တွေ့ချင်တာလဲ "

"တိုက်ခန်း ကိစ္စနဲ့လာတာပါ"

စိုင်းစဝ်ကို အထဲကို ခေါ်၍ စိုင်းစဝ် ဝင်သွားသည်။ အိမ်ထဲတွင် ပစ္စည်းအတော်များများကို သိမ်းယူထားသည် ဆိုသည့် စာများ ကပ်ထားသည်ကို တွေ့လိုက်ရသည်။

"ထိုင်"

စိုင်းစဝ် အနားတွင်ရှိနေသော ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

"ဘာပြောမလို့လဲ"

"ကျွန်တော့်ရဲ့ တိုက်ခန်းကို ရောင်းမယ်ဆိုလို့ ကျွန်တော် ငှားတဲ့ စာချုပ် မပြည့်သေးဘူးလေ"

Find Love Because Of you (Complete)Where stories live. Discover now