Part(14) uni+zaw

2.1K 59 0
                                    

Part(14)

"ဝီလျှံရှိန်း မင်း tripလိုက်မှာလား"

"အချစ်ကော သွားမှာလား"

"သွားဖြစ်မှာ ငါအရင်နှစ်တွေကလဲ မလိုက်ခဲ့တော့ ဒီ‌နှစ်တော့ လိုက်မလို့"

"ဟုတ်ပြီ အချစ်လိုက်ရင် ကိုယ်သွားမယ်"

စိုင်းစဝ်တို့၏ အားကစားပွဲတော်ပြီးသွသည်မှာ တစ်ပတ်ခန့်ပင်ရှိပြီဖြစ်သည်။ ထိုနေ့မှစ၍ နောက်ရက်တွင် စိုင်းစဝ်အား အရင်လို စောင်းပြောကြသူများမရှိကြတော့ပေ။အခု စိုင်းစဝ်ကျောင်းသွားရသည်မှာ ပျော်စရာတော့ကောင်းသည်။ မနက်ဖြန် ကျောင်းကလိုက်ပို့သည့် tripလဲ သွားအုံးမည်ဖြစ်၍ ပို၍ ပျော်ရွှင်နေမိသည်။

"အချစ်မျက်နှာက ပိုပြုံးရွှင်နေသလိုဘဲနော် ဘယတွေတွေးနေတာလဲ"

"မနက်ဖြတ်လေ့လာ‌ရေးခရီးသွားမယ့်အကြောင်းတွေးနေတာပါ ဝီလျှံရှိန်း ညဈေးတန်းသွားမယ် လိုက်မလား"

"ကိုယ်မလိုက်ရင် အချစ်က ဘယ်သူနဲ့သွားမှာလဲ "

"ငါတစ်ယောက်ထဲလေ အမြဲသွားနေကြဘဲကို အခုက အိမ်မှာ မင်းရှိနေလို့ ခေါ်လိုက်တာ"

"အော် မရှိရင် မခေါ်တော့ဘူးပေါ့ "

"အေလေး မရှိမှတော့ မခေါ်တော့ဘူးပေါ့ မင်းလိုက်မှာလားကွာ မလိုက်ရင်နေခဲ့တော့"

"လိုက်မယ် ကိုယ်နဲ့သွားမယ် ကိုယ်ရှိနေရင် အချစ်က ဘယ်သွားသွားကိုယ်နဲ့ဘဲ သွားရမယ်"

"မင်းရှိနေရင်ဆိုတော့ မင်းက ဘယ်သွားမှာ မလို့လဲ"

"ကိုယ်အိမ်ပြန်တာတို့ကို ပြောတာပါအချစ်ရဲ့ "

"သွားမယ်မြန်မြန် အရမ်းမိုးချုပ်ရင်မကြိုက်ဘူး"

"ကိုယ်ကားသော့ယူလိုက်အုံးမယ် "

"မယူနဲ့တော့ လမ်းလျှောက်သွားမယ်ပြီးရင် Busလေးစီးသွားရင်ရောက်ပြီ"

စိုင်းစဝ်တို့ လမ်းလျှောက်ကာလာခဲ့သည်။ စိုင်းစဝ်သွားသည့် ညဈေးတန်းသည် အလွန်စုံပါသည်။ စိုင်းစဝ်သည် ညဈေးတန်းတွရှိသည့် ကွေ့တယို သုပ်အားအလွန်ပင် ကြိုက်ပါသည်။ စိုင်းစဝ်ကြိုက်သည့် ကွေ့တယိုသုပ်ဆိုင်သို့ ဝင်လိုက်သည်။

Find Love Because Of you (Complete)Where stories live. Discover now