Part(18)Uni+Zaw

1.8K 59 0
                                    

Part (18)

ဝီလျှံရှိန်းတို့ တဲဘက်ပြန်ရောက်ချိန်တွင် ဆရာမများ စောင့်နေသည်။ လူစစ်ချိန်တွင်မရှိ၍ စောင့်နေခြင်းဖြစ်မည်။

"သား စိုင်းစဝ်က အဆင်ပြေရဲ့လား ဘယ်လိုဖြစ်လို့ တောင်ပေါ်ကို သွားလိုက်တာလဲ"

"ရပါတယ် ကျွန်တော်တို့ မနက်မှ ဒီအကြောင်းတွေ ဆက်ပြောကြတာပေါ့ အခုသူလဲ လန့်နေသေးလို့"

ဝီလျှရှိန်း စိုင်းစဝ်ကိုယ်စား ဖြေပေးလိုက်သည်။

"ဟုတ်ပြီ ဟုတ်ပြီ အကုန်စုံနေပြီဆိုတော့ ကိုယ့်နေရာကိုယ်ပြန်ဝင်ကြတော့  ဝီလျှံရှိန်း သားက သေချာဂရုစိုက်ပေးလိုက်နော်"

ကျောင်းသားများ ကိုယ်စီ တဲထဲသို့ ပြန်ဝင်သွားကြသည်။ သူရက စိုင်းစဝ်တို့တဲထဲကို ဝင်ရန်ပြင်လိုက်သည်။

"ရတယ် မင်းသွားအိပ်လိုက်တော့ "

ဝီလျှံရှိန်း သူရအားပြောလိုက်သည်။

"ဘာကြောင့် စိုင်းစဝ်က တောင်ပေါ်သွားလိုက်တာလဲ "

"ငါ့ကြောင့် "

"ဘာ... မင်း "

"အင်းသွားနားတော့  စိုင်းစဝ်ကို ငါဂရုစိုက်လိုက်မယ်"

သူရ ဘာမှ ပြန်မပြောဘဲ ကိုယ့်တဲထဲသို့ ပြန်လာခဲ့သည်။

ဝီလျှံရှိန်း အချစ်ဖုန်းထဲမှ စာကို မြင်ပြီးပြီဖြစ်သည်။ အချစ်က ကိုယ်အပေါ် ကိုယ်ထင်ထားသည်ထက် ပိုကာ ချစ်ပေးသည်ကို သိရ၍ ပျော်ရွှင်ရသော်လည်း ကိုယ့်ကြောင့် အချစ် အခုလို ဖြစ်သွားခဲ့ရသည်ကို ဝီလျှံရှိန်း လုံးဝ သဘောမကျပါ။

"အချစ် အင်္ကျီလဲရအောင် အချစ်ရဲ့ အဝတ်အစားက  ရွှံ့ပေးနေတယ် "

စိုင်းစဝ် ဝီလျှံရှိန်းနှင့် သူရပြောနေသည်များကို ကြားရသော်လည်း ပြန်ပြောချင်စိတ်မရှိ၍ ဒီအတိုင်းနေလိုက်ခြင်းဖြစ်သည်။

"မင်းကော လဲလေ ငါ့ကို ချီခဲ့ရတော့ မင်းလဲ ညစ်ပတ်နေပြီ "

"ကိုယ်လဲမှာပါ အချစ်"

စိုင်းစဝ် အဝတ်အစားများ လဲလိုက်သည်။ ပြီးလျှင် စိုင်းစဝ်အိပ်ယာထဲသို့ ဝင်ကာ ခွေနေလိုက်သည်။

Find Love Because Of you (Complete)Where stories live. Discover now