part(36)Uni+Zaw

1.4K 31 0
                                    

Part(36)

စိုင်းစဝ် ဝီလျှံရှိန်းထွက်သွားသည့် ရက်မှ စ၍ အဆက်အသွယ်ရနေသေးသည်။ နောက်တစ်နေ့တွင် ဝီလျှံရှိန်း ပြန်လာတော့မည် ဖြစ်သည်။  စိုင်းစဝ် လိုအပ်သည်များကို အနည်းငယ်ထဲကာ ဖုန်းကို ပိတ်ထားခဲ့ကာ အိမ်မှ ထွက်လာခဲ့သည်။

'ရက်အနည်းငယ်ကြာသည့်အခါတွင် နေသားကျသွားပါလိမ့်မည်၊ ဝီလျှံရှိန်းလဲ ကိုယ့်ကို မေ့သွားကာ ဘဝအသစ်ကို စနိုင်ပါလိမ့်မည်။  ကိုယ်လဲ ကမ္ဘာကြီး၏ တစ်နေရာရာတွင် ကောင်းမွန်စွာ ရှင်သန်နေပါမည်။ ရေစက်တွေ ရှိနေတဲ့အခါ ငါတို့ ပြန်တွေ့ကြအုံးမှာပါ ဝီလျှံရှိန်း ၊ ကျန်းမာရေးဂရုစိုက်ပါ ၊ နေကောင်းအောင် နေပါ '

စိုင်းစဝ်အောက်ထပ်တွင် စောင့်နေသည့် သူရ၏ အနားသို့သွားလိုက်သည်။ 

"မင်းဆုံးဖြတ်ချက်မပြင်တော့ဘူးလား စိုင်းစဝ်"

"တော်ပြီသူရ သွားကြမယ် မင်းကို သူမေးလာရင် မသိဘူးလို့ဘဲ ဖြေပေးပါနော်"

"ဟုတ်ပါပြီ သွားကြမယ်"

စိုင်းစဝ် အဝေးသို့ ထွက်သွားတော့မည်။ ဝီလျှံရှိန်း၏ ဒယ်ဒီကတော့ ကတိပေးထားသည့်အတိုင်း သတင်းတွေကို ထွက်မလာစေပါ။ စိုင်းစဝ်မရှိတော့သည်ဆိုသည့်အကြောင်း မကြာခင်တွင် သိသွားလောက်တော့မည်။ 

*****

ဝီလျှံရှိန်း အချစ်ထံသို့ဖုန်းဆက်နေသည်မှာ မရပေ။ ဖုန်းကို တပ်ဆင်ထားခြင်းမရှိဟုသာ ပြောနေသည်။ အချစ်တွင် တစ်ခုခု ဖြစ်နေသည်မှာ သေချာသည်။ ဝီလျှံရှိန်း ဖုန်းအတော်ဆက်မရသည်ဖြစ်၍ အချစ်၏ သူငယ်ချင်းသန်သူရကိုအား ဆက်လိုက်သည်။

"ဟဲလို"

"ငါ ဝီလျှံရှိန်း"

"ဘာပြောစရာရှိလို့လဲ "

"မင်းအခုဘယ်မှာလဲ အချစ်အနားမှာရှိလား"

"မရှိဘူးလေ ငါက ငါ့အိမ်မှာ "

"အချစ်အိမ်ကို သွားကြည့်ပေး ဖုန်းဆက်လို့မရဘူး"

"အေ ဝီလျှံရှိန်း ငါပြန်ဆက်မယ်"

ဝီလျှံရှိန်း ဖုန်းကို ကိုင်ထားကာ  အိမ်တွင် လမ်းလျှောက်နေသည်။ 

Find Love Because Of you (Complete)Where stories live. Discover now