Part(35)Uni+Zaw

1.3K 35 0
                                    

Part(35)

ဝီလျှံရှိန်း အိမ်မှ ထွက်လာကာ အချစ်အိမ်သို့ တိုက်ရိုက်မသွားသေးပေ။ ဒဏ်ရာရှိနေသည်ဖြစ်၍ အချစ်စိတ်ပူမည်ကို မကြိုက်ပါ။ ထို့ကြောင့် ဝီလျှံရှိန်း အရင်အချိန်က နေခဲ့သည့် တိုက်ခန်းသို့လာကာ ဆေးထည့်လိုက်သည်။

အိမ်တွင် တခြားပစ္စည်းမျာကိုလဲ ဖျက်စီးခဲ့သေးသည်ဖြစ်၍ ဒဏ်ရာမှာ အတော်ပင်များသည်။

အချစ်ကလေးကတော့ ကိုယ့်၏ ဒဏ်ရာလေးများကို တွေ့လျှင် ကိုယ့်အား စိတ်ဆိုးပါအုံးမည်။

ဝီလျှံရှိန်း ဒဏ်ရာများကို ဆေးထည့်ကာ အိပ်လိုက်သည်။ ပြန်နိုးလာချိန်တွင် အချိန်အတော်ပင်နောက်ကျနေပြီဖြစ်သော်လည်း အချစ်၏ အိမ်သို့ ပြန်လာခဲ့သည်။

***

စိုင်းစဝ် ပြန်လိုက်ပို့ပေးသည့်သူကို အိမ်ထိမပို့ခိုင်းဘဲ လမ်းထိပ်တွင်သာချခိုင်းလိုက်သည်။
အိမ်ကိုပြန်ရောက်သည့်အခါတွင် ဝီလျှံရှိန်းအားမတွေ့ရပေ။ စိုင်းစဝ် ဆိုဖာထပ်တွင်ထိုင်နေလိုက်သည်။ သူရတို့အား တိုင်ပင်ရအုံးမည်။ စိုင်းစဝ်က သာမန်လူတစ်ယောက်ဖြစ်နေသော်လည်း ဝီလျှံရှိန်းက မတူပါ။ သူ၏နောက်တွင် ရှိနေသည့် လုပ်ငန်းစုနှင့် ထိုလုပ်ငန်းစုအပေါ်မှီခိုနေသည့် မိသားစုတွေ ရှိသေးသည်။

စိုင်းစဝ်ဆိုဖာပေါ်မှာဘဲ အချိန်အတော်ကြာသည်အထိတွေးနေလိုက်သည်။

"အချစ် ကိုယ်ပြန်လာပြီ"

ဝီလျှံရှိန်း ပြန်လာသည့် အချိန်သည် အတော်ပင်မိုးချုပ်နေပြီဖြစ်သည်။

စိုင်းစဝ် ထိုင်နေသည်မှာ ဘယ်လောက်ကြာသွားသည်ပင်မသိပါ ထလိုက်ချိန်တွင် ခြေထောက်ယိုင်သွားလေသည်။

"အချစ် နေ‌မကောင်သေးဘူးထင်တယ် ဆေးသောက်ပြီးပြီလား"

စိုင်းစဝ် ဝီလျှံရှိန်းအား ကြည့်လိုက်သည်။ နှုတ်ခမ်းဒေါင့်တွင် အနာကတ်အသေးလေးအား ကပ်ထားသည်။ လက်တွင်လဲ ဒဏ်ရာသေးသေးလေးများအား တွေ့လိုက်ရသည်။

"ကိုယ်တောင်းပန်ပါတယ်နော် အချစ် ကိုယ်အရေးကြီးလို့ ခနလေးဘဲ သွားလိုက်တာပါ ကိုယ်မသွားဘဲနေလိုက်ရမှာ ကိုယ်တောင်းပန်ပါတယ်"

Find Love Because Of you (Complete)Where stories live. Discover now