Part(33)uni+zaw

1.2K 31 0
                                    

Part(33)

‌မနေ့ညကဝီလျှံရှိန်း အချစ်အား ဖုန်းဆက်ရန် မေ့သွားသဖြင့် ဒီနေ့မနက်အစော အချစ်က ဖုန်းဆက်ကာ မေးသည်။ မာမီ အဆင်ပြေကြောင်းပြောလိုက်ကာ အချစ်ကို ညနေမှ ပြန်လာဖြစ်မည်ဆိုသည့် အကြောင်း တစ်ခါထဲ ပြောထားလိုက်သည်။ အချစ်ကတော့ အိမ်တွင် အေးဆေးနေပြီးမှ ပြန်လာဟုပြောသော်လည်း ဝီလျှံရှိန်း အချစ်ကို လွမ်းနေပြီဖြစ်သည်။

မာမီကတော့ အိမ်ကိုလာမည့်ဧည့်သည်အတွက် ထမင်းကျွေးရန် သေချာစီစဉ်နေလေသည်။ ဝီလျှံရှိန်းကတော့ အိမ်ခန်းတွင် အချစ်နဲ့ ဖုန်းပြောပြီးသည်နှင့် ပြန်အိပ်နေလိုက်သည်။ ထမင်းစားချိန်ရောက်လာရင်အစ်မက လာခေါ်ပေးမည်ဆိုသည်ကို သိနေ၍ ပိုအိပ်နေလိုက်သည်။

"သမီး ဧည့်သည်တွေ ရောက်လာပြီ သမီးမောင်ကို သွားခေါ်ခဲ့တော့နော် "

"ထမင်းစားတော့မှာလား မာမီ စားခါနီးမှ ခေါ်လိုက်မယ်လေ ရတယ်မလားရှင့် မောင်လေးက ညနက်တဲ့အထိ အလုပ်လုပ်နေရလို့ပါ အန်ကယ်တို့ စိတ်မရှိဘူးမလား"

ပိုး‌နွေ တစ်ဖက် မိသားစုအား တစ်ခါထဲမေးလိုက်သည်။

"ရပါတယ် အလုပ်မအားတဲ့သူဘဲ နားလည်ပေးရမှာပေါ့ ကျွန်တော်တို့ကလဲ စောလာမိတာကို "

"ရပါတယ်ရှင့် စောလာတော့ စကားလေးပြောလို့ရတာပေါ့ "

"ဟုတ်ပါတယ် အန်တီ ကိုကို က ခါတိုင်းဘယ်အချိန်လောက်ထဖြစ်လဲ"

ပိုးနွေ ကိုယ့်မောင်အား ကိုကို နှင့် ခေါ်လိုက်သည် ထိုကောင်မလေးကို ကြည့်လိုက်သည်။ ကိုယ့်မောင်ရဲ့ တကယ် ချစ်သူတောင် ခေါ်တာ ဝီလျှံရှိန်း တဲ့ သူက ကိုကို ဆိုတော့  မပြောချင်တော့ပေ။

"ဟို ကိုကို ဆိုတာ အန်တီသားကို ပြောတာလား"

"ဟုတ်ပါတယ် အန်တီ သမီးက အရင်ထဲက ကိုကို့ ကို အရမ်းသဘောကျတာမလို့ပါ"

"အော် သား အရမ်းနောက်မကျပါဘူး သူဆင်းလာပါလိမ့်မယ် "

ပိုးနွေ သူတို့၏ စကားဝိုင်းထဲတွင် ဝင်မပြောချင်၍ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။

Find Love Because Of you (Complete)Wo Geschichten leben. Entdecke jetzt