Part(26)Uni+Zaw

1.6K 36 0
                                    

Part(26)

ဝီလျှံရှိန်းက အိမ်သို့ပြန်သွားသည်။ စိုင်းစဝ် ပြည့်လျှံတို့နှင့် ချိန်းထားသည်ဖြစ်၍ ကော်ဖီဆိုင်သို့ ထွက်လာခဲ့သည်။ စိုင်းစဝ်တို့ အိမ်ပြန်မည့် ကိစ္စအား ပြောမည့်အကြောင်းထင်သည်။

"ဟေ့ စိုင်းစဝ် ငါဒီမှာ"

စိုင်းစဝ် ကော်ဖီဆိုင်ရှေ့ရောက်သည်နှင့် ဆိုင်ထဲမှ ပြည့်လျှံက ခေါ်လာသည်။ စိုင်းစဝ် ပြည့်လျှံထိုင်နေသည့် နေရာသို့ သွားကာ ဝင်ထိုင်လိုက်သည်။

"ဘာသောက်အုံးမလဲ စိုင်းစဝ်"

"မသောက်တော့ဘူး ဘာပြောစရာရှိလို့လဲ"

"အော် ငါတို့  ရွာပြန်မယ်ဆိုတာလေ"

"အွန်းလေ ဘာဖြစ်လို့လဲ နောက်သုံးရက်နေမှ သွားမှာလေ"

"မင်း ဝီလျှံရှိန်းကိုကော မခေါ်ဘူးလား စိုင်းစဝ်"

"ငါသူကို မပြောရသေးဘူး ပြောကြည့်အုံးမယ် တစ်ပတ်လောက်ဘဲကြာမှာမလား"

"နည်းနည်းပိုကြာကြာနေကြမယ်စိုင်းစဝ် "

"ဘာဖြစ်လို့လဲ အရမ်းအကြာကြီး ငါမနေချင်ဘူး ပြည့်လျှံ"

"အော် မင်းကလဲ ငါတို့ရွာက ပွဲတော်ကို သူရကို ပြပေးမလို့လေ ငါတို့ကလဲ မရောက်ဖြစ်တော့ ရောက်တဲ့အခါ ပြပေးမလို့ပါ"

"အေအေ ကောင်းပါတယ် လက်မှတ်က ငါဝယ်ထားလိုက်မယ် မသွားခင် တစ်ရက်မှာ ညနေဘက်မှာ တွေ့ကြမယ်"

"အေအေ  အဲ့နေ့ကြမှာ ပြန်တွေ့ကြမယ် မင်းကပြန်တော့မလို့လား"

"အွန်းပြန်တော့မယ် နေလည်က ရေစိုနဲ့အကြာကြီးနေလိုက်လို့ထင်တယ် အခုညနေလေတိုက်တာ ခံလိုက်ရတော့ ခေါင်းကိုက်လာလို့"

"မှန်းစမ်း ..... မင်းကိုယ်ပူနေတာကို ငါပြန်လိုက်ပို့ပေးမယ်"

ပြည့်လျှံက စိုင်းစဝ်၏ နဖူးအားစမ်းကာ ပြောလာသည်။ 

"ရတယ် ဟိုဘက်ဝိုင်းမှာ ထိုင်နေတဲ့ မင်းကောင်လေး ငါ့သူငယ်ချင်းကို တစ်ယောက်ထဲထားခဲ့တယ်ဖြစ်နေမယ်"

စိုင်းစဝ်၏ အပြောကြောင့် တစ်ဖက်တွင် ထိုင်နေသည့် သန့်သူရကိုမှ စိုင်းစဝ်အားရယ်ပြလာသည်။

Find Love Because Of you (Complete)حيث تعيش القصص. اكتشف الآن