Part (10) uni+zaw

2.3K 70 0
                                    

Part(10)

"နူးညံ့မှုတွေက မင်းအပိုင်ဖြစ်ပြီး ကြမ်းတမ်းမှုတွေက မင်းကို ထိခိုက်သူတို့ အပိုင်၊ မင်းကတော့ ကိုယ့်အပိုင်"

...............

ဝီလျှံရှိန်းသည် ထိုနေ့မှစ၍ စိုင်းစဝ်အိမ်သို့ ပြန်ရောက်မလာသကဲ့သို့ ကျောင်းသို့လဲမလာပါ။

ဖြစ်ခဲ့သမျှ ပြဿနာသည် ဝီလျှံရှိန်း၏ အမှား မဟုတ်ဆိုသည်ကို နောက်တစ်နေ့တွင် သိခဲ့ရသည်။ ထွဋ်ခေါင်သည်လည်း အကုန်လုံးကို သိရ၍ သူ၏ရည်းစားအစား ‌ကျွန်တော့်အား တောင်းပန်ခဲ့သည်။ဝီလျှံရှိန်းကိုလဲ တောင်းပန်ခိုင်းသေးသည်။ ထိုကောင်လးနှင့်တော့ လမ်းခွဲလိုက်ကြသည်။

ကျောင်းမှာ တွေ့လျှင် တောင်းပန်မည်ဟု ဆိုသော်လည်း ကျောင်းသို့လဲ ရောက်မလာပါ။ ဒီနေ့ဆိုလျှင် ဝီလျှံရှိန်း ကျောင်းမလာသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။။ စိုင်းစဝ် ကျောင်းရှေ့တွင် စောင့်နေလိုက်သည်။

ကျောင်းတက်ချိန်မှာ တဖြည်းဖြည်း နီးလာသော်လည်း ဝီလျှံရှိန်းအား မတွေ့ရပါ။ စိုင်းစဝ် အခန်းထဲသို့ ပြန်လာခဲ့လိုက်သည်။

စိုင်းစဝ် သွားရာ လမ်းတွင် ဘောလုံးကစားနေသည့် ကျောင်းသားတစ်ချို့ကို တွေ့လိုက်ရသည်။

"စိုင်းစဝ် ရှောင်လိုက် စိုင်းစဝ်"

ဘောလုံးသည် စိုင်းစဝ်ရှိရာဘက်သို့ လာနေသဖြင့် စိုင်းစဝ်ကြောင်ကာ ရပ်နေမိသည်။ စိုင်းစဝ်၏ လက်အား ဆွဲကာ တစ်ယောက်ယောက်က ဆွဲဖတ်လိုက်သည်။ စိုင်းစဝ် သူ၏ ရင်ဘတ်ထဲကို ရောက်သွားသည်။

"တောင်းပန်ပါတယ် "

ဘောလုံကန်လိုက်သည့် ကောင်လေးက ဆိုလာသည်။

"ရပါတယ် ၊ ကျေးဇူးတင်ပါတယ် " "ဝီလျှံရှိန်း"

စိုင်းစဝ် ရင်ခွင်မှ ထွက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်။ထိုအခါမှ စိုင်းစဝ်ကို ဆွဲသည့်သူမှာ ဝီလျှံရှိန်းမှန်းသိသည်။

"ဘောလုံးမှန်သွားရင် သယ်လိုလုပ်မလဲ ၊ လမ်းလျှောက်တာ စိတ်က ဘယ်လွှင့်နေတာလဲ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ဘာလို့ ကိုယ့်ကိုကိုယ် ဂရုမစိုက်ရတာလဲ စိုင်းစဝ်"

Find Love Because Of you (Complete)Where stories live. Discover now