Part - 59 [Uni&Zaw]

11.4K 823 81
                                    

Unicode

~~

မတွေးချင်လည်း ပြန်တွေးနေမိ

~~မေ့ရင်လည်းပြန်သတိရပြီး

~~အမှတ်မရှိသေးဘူး ငါ....လွမ်းဆွတ်

~~မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ

~~မှားနေလည်း ငါဆက်မှားပြီ...ဒုက္ခများကုန်ပြီ
ဟာ...ဟာ....

~~ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်ခဲ့....ဖြတ်တောက်တိုင်းလည်း ဖြတ်ဖို့ခက်တဲ့ သံယောဇဉ်....

~~သံယောဇဉ်...သံယောဇဉ်...ငါလေအပျက်ပျက်နဲ့သွေးထွက်ခဲ့တယ်

~~သံယောဇဉ်....သံယောဇဉ်...လူကိုအရူးတစ်ပိုင်း ဖြစ်စေတဲ့

~~သံယောဇဉ်...သံယောဇဉ်....နေမြင့်လို့အရူးရင့်ခဲ့တယ်....ဒီသံယောဇဉ် ဒီသံယောဇဉ်² အိုး...သံယောဇဉ်

~~မကြားချင်လည်း ငါကြားယောင်မိ

~~မသွားချင်လည်း ငါဆက်သွားပြီ

~~ အစိုးမရစိတ်တဲ့စိတ်ကြောင့် ငါ ခက်ပြီ

~~မမွှေးသင့်ပဲ ငါ မွှေးတဲ့မီး....မတိုးချင်လည်း ငါဆက်တိုးပြီ.....ငါ့ဘဝကျွမ်းလောင်ပြီ....အား

~~ရုန်းထွက်ရင်းနဲ့ ထပ်ထပ်နစ်ခဲ့.....

သီချင်းသံက ဆိုးရင်းမှာပင် ဂီတာသံရပ်တန့်ခြင်းနှင့်အတူ တိတ်ဆိတ်သွားလေသည်။

"ဘာလို့လဲ ဆက်ဆိုလေ"

King ပြောတော့ ဇမ်းက ရင်ခွင်ထဲထည့်ပိုက်ထားသည့်ဂီတာကို ဘေးမှာချလိုက်ကာ မတ်တပ်ရပ်ရင်း ဝရန်တာဘက်ကိုထွက်သွားလေသည်။King ကလည်း ဇမ်းနောက်က အတူလိုက်သွားခဲ့ရင်း....၊

"မင်း အိမ်မပြန်တာ ၃ရက်နေပြီ"

"အိမ်အကြောင်းမပြောနဲ့"

ခါးခါးသီးသီးမဟုတ်ဘဲ ဇမ်းစကားသံက စိတ်ရှုပ်ထွေးကာနွမ်းလျနေ၏။အခုထိဘောင်းဘီအိတ်ကပ်ထဲမှာရှိနေသည့် ကတ္တီပါဗူးလေးကို အပြင်ကနေ လက်နဲ့စမ်းကြည့်ရင်း သက်ပြင်းထပ်ချမိသည်။အရာရာအားလုံးဟာ အလွဲလွဲအချော်ချော်။

You are My BoneWhere stories live. Discover now