Unicode
"ဆေးရုံဆင်းသွားပြီလား"
"ဟုတ်ပါတယ်ရှင့်"
Nurse က စက်ရှိန်အမေးကိုဖြေပြီးတာနဲ့အခန်းထဲကထွက်သွား၏။စက်ရှိန် ပန်းစည်းကိုင်ထားရင် စိတ်ပင်ပန်းသွားသည့်နှယ်ငြိမ်သက်သွားသည်။
"ဦးစက်"
"ဟင်!"
တုတု စက်ရှိန်ရဲ့အင်္ကျီလက်စလေးကိုဆွဲရင်း ခေါ်လိုက်တော့ စက်ရှိန်က ပြန်ထူးသည်။
"တုတုတို့ အိမ်လိုက်သွားကြမလားဟင်....၊လာဖို့လုပ်ပြီးတော့မှတော့ အိမ်ပြန်သွားပြီဆိုလည်းအိမ်ပေါ့....၊ကျန်းမာရေးသတင်းမေးတာပဲ မကောင်းတာ ဘာမှ မှမရှိတာ"
ဒါလည်း ဟုတ်တာပါပဲ။ဒါပေမယ့် အချိန်ကိုပြန်ကြည့်တော့ ကုမ္ပဏီပြန်သွားရဖို့ကနီးနေပြီမို့....၊
"ဆေးရုံဆင်းသွားပြီဆိုတော့လည်း ဆင်းသွားလို့ပေါ့....၊နောက်မှပဲကိုယ်ထပ်သွားလိုက်တော့မယ်"
"ဦးစက်..."
"ကိုယ်တို့ပြန်ရအောင်"
စက်ရှိန်က တုတုကို စကားပြောခွင့်မပေးတော့ပဲ အရှေ့ကနေလျှောက်သွားသည်။တုတုလည်း အနောက်ကနေ ခပ်သွက်သွက်ထပ်ချပ်မကွာလိုက်ရ၏။ကားထဲရောက်တော့ စက်ရှိန်က ပန်းစည်းကိုအနောက်ခန်းထဲထည့်ပြီး မောင်းသူနေရာမှာ ကားမောင်းဖို့အသင့်အနေအထား။
ကားမောင်းထွက်သွားတာနဲ့ တုတု ဦးစက်မျက်နှာကို မသိမသာငေးမိသည်။စိတ်ရှုပ်နာကျင်နေဟန်လည်းမရှိဘဲ ဦးစက်ပုံစံက ပကတိတည်ငြိမ်အေးဆေးနေသည်။အလိုမကျတာတစ်ခုခုတွေ့တာနဲ့ စိမ်းညို့နေသည့် မျက်ခုံးတို့ကို တွန့်ချိုးရင်း ဗာဒံစေ့ သဏ္ဌာန် မျက်ဝန်းတို့ကပါ မှေးကျဥ်းသွားတတ်သည်။ထိုသို့သောအမျိုးသားကို တုတုစွဲလမ်းချစ်တာ အပြစ်လို့ဆိုနိုင်ရရိုးလား။
"ဦးစက်"
"ဟင်...."
"........"
စက်ရှိန် ကားမောင်းရင်းထူးလိုက်ပေမယ့် ချာတိတ်ကဘာစကားမှဆက်မပြောလာတော့ ငဲ့ကြည့်ရင်း....၊
"ချာတိတ်လည်း ကိုယ့်ကြောင့် နေရင်းထိုင်ရင်း ကိုယ့်အတွင်းရေးမှုးဖြစ်နေရပြီ"
YOU ARE READING
You are My Bone