Part - 64 [Uni&Zaw]

13.8K 1K 112
                                    

Unicode

ဇမ်း အိပ်ယာထက်မှာမျက်ဝန်းတွေမှေးမှိတ်ရင်းအိပ်ပျော်နေတဲ့ ညွှန်းကိုကြည့်ကာ သက်ပြင်းခပ်ဖွဖွချမိသည်။အဖျားအ‌ရှိန်ကြောင့်မျက်နှာလေးက မက်မွန်းရောင်ပြေပြေလေးလွှမ်းကာ မှေးမှိတ်ထားတဲ့မျက်တောင်တွေက‌ မီးရောင်ကြောင့်ယက်တောင်လေးဖြန့်ချထားသလို ဂန္တဝင်ဆန်နေ၏။ကြည့်နေရင်းနဲ့ ဇမ်း လက်တွေက ညွှန်းမျက်ခုံးပေါ်ကိုပြိုကျနေတဲ့ဆံပင်တစ်ချို့ကိုဘေးဘက်ကိုပို့ပေးလိုက်ရင်း မျက်ခုံးလေးတွေကို သူ့လက်နဲ့ထိဆွဲကြည့်မိနေသည်။

ညွှန်းစာစီဖွဲ့တဲ့!
နံမည်နဲ့လိုက်လောက်အောင်ပင် ဒီယောကျ်ားရဲ့ကျက်သရေတင့်တယ်မှု့နဲ့နူးညံ့မှု့တို့ကို စာဖွဲ့ညွှန်းပြလို့ပင် ကုန်နိုင်ဖွယ်ရှိမည်မထင်။

ချစ်ခြင်းမုန်းခြင်း အလျင်းကင်းတဲ့ ဆက်ဆံရေးတစ်ခုကို တာဝန်ဆိုတဲ့ခေါင်းစဥ်အောက်ကနေ လက်ထပ်ခြင်းဆိုတဲ့ဘောင်တစ်ခုကို ဇမ်းကိုယ်တိုင်ပဲဖန်တီးပစ်ခဲ့မိသည်။မပြီးပြတ်သေးတဲ့ ကိစ္စတွေနဲ့ နှစ်ယောက်ကြားကညှိ့မရတဲ့အရာတွေကြောင့်အချိန်တော်တော်များများဟာ အဆင်မပြေမှု့တို့နဲ့အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရပြန်သည်။သို့ပေမယ့် တစ်ယောက်နဲ့တစ်ယောက် မုန်းတာမျိုးမရှိဘဲ ခနလောက်မျက်နှာချင်းမဆိုင်နိုင်ရုံသာ။

ကိုယ်က ငါအကုန်လုပ်နိုင်တယ်လို့ ကိုယ့်ဘာသာယုံကြည်မှုလွန်ကဲနေသလို၊သူ့လူဖြစ်တဲ့ညွှန်းဟာလည်း သူ့အားအထင်မကြီးနိုင်သည့်စိတ်တို့ ကိန်းဝတ်နေခြင်းကို သူဘယ်လိုမှဖယ်ထုတ်ပေးလို့မရ။အခြေအနေတွေက ကိုယ်လိုသလိုဆွဲယူလို့မရတဲ့အခါ ရင်ထဲက ထုတ်ဖော်လို့မရတဲ့အဖုအထုံးတွေကသာပိုများလာခဲ့ပြီး မကျေနပ်မှု့တို့ကိုသာဖြစ်စေပြန်သည်။ဒါပေမယ့် သူ့လူကိုတော့ ဘာဖြစ်ဖြစ် ပစ်မထားနိုင်ခဲ့တာ အမှန်ပါ။

သူ့ကြောင့် သူ့လူတစ်ခုခုဖြစ်သွားတိုင်း ဇမ်း ကိုယ့်ကိုကိုယ်သာအပြစ်တင်မိသည်။တကယ်ဆို မတူညီနဲ့အခြေအနေနှစ်ခုကို သူကသာလျှင် ဇွတ်အတင်းတိုးဝင် ပုံပေါ်စေခဲ့ခြင်း။နူတ်ကထုတ်မပြောဖြစ်ခဲ့ပေမယ့် အိမ်တွင်း၊အိမ်ပြင် ဖြစ်သမျှ သူ့လူအကြောင်းတွေကို သူနားစွင့်မျက်စိဖွင့်နဲ့အကုန်စောင့်ကြည့်နေခဲ့ခြင်း။ဒါမှတစ်ခုခုဆို သူ့လူအရှေ့မှာသူ‌ရှိနေပေးနိုင်မှာ။

You are My BoneWhere stories live. Discover now