Description

9.9K 372 7
                                    

တရားဝင်သမီးလက်ထပ်ထိမ်းမြားခြင်း။
Genre - Historical, Drama, Romance, Bxg
အပိုင်းရေ 245ပိုင်း


ရွှမိသားစု၏ သခင်မလေးသည် ပါရမီထူးခြားပြီး ပြိုင်ဘက်ကင်းအလှပဂေးတစ်ဦးဖြစ်ကာ သူမနှင့် အလှအပတွင် ယှဉ်ပြိုင်ဝံ့သူမရှိလောက်အောင် လှပခဲ့ပြီး အသက်တစ်ဆယ့်ခြောက်နှစ်တွင် သူမချစ်ရသူနှင့် အိမ်ထောင်ပြုခဲ့သည်။ သူမတို ဇနီးမောင်နှံ၏ အိမ်ထောင်ရေးသည် အလွန်ပျော်ရွှင်၍ ကောင်းချီးပေးခံရသော မောင်နှံအဖြစ် အများအားကျရလောက်အောင် အဆင်ပြေချောမွေ့ခဲ့သည်။ သူမသည် ခင်ပွန်းဖြစ်သူ တော်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေချိန်တစ်လျှောက်လုံး ပါရမီဖြည့်ပေးခဲ့သည်။

သုံးနှစ်ကြာပြီးနောက် သူမ၏ ခင်ပွန်းသည် ထိပ်တန်းစာသင်သားအဖြစ် စာမေးပွဲအောင်မြင်ခဲ့သည်။ သူသည် ယခုအချိန်တွင် သာမန်ပြည်သူအမျိုးသမီးတစ်ယောက်ကို လက်ထပ်ထားသော အလွန်ဂုဏ်သရေကြီးမြတ်သော စာသင်သားတစ်ဦးဖြစ်လာခဲ့ကာ အဆုံးမရှိသော ဂုဏ်သရေနှင့် ကြွယ်ဝချမ်းသာသော အာဏာရှိ အရာရှိတစ်ဦးအဖြစ် ခန့်အပ်ခံရသည်။

ထိုအချိန်တွင် သူမသည် ခင်ပွန်းဖြစ်သူ၏ မင်းသမီးကို လက်ထပ်ရန် လမ်းကြောင်းတွင် အဖုအထစ်တစ်ခု ဖြစ်လာခဲ့သည်။ ထိုကြောင့် သူသည် အဖုအထစ်တစ်ခုဖြစ်နေသော သူမနှင့် သူ၏ ကလေး (သန္ဓေသား) ကို တစ်ပါတည်း သတ်ဖြတ် ရှင်းထုတ်ပစ်ရန်ဆုံးဖြတ်ခဲ့သည်။

ကျော့ရှင်းလှပ၍ တစ်ချိန်တည်းခက်ထန်ပုံရသော မင်းသမီးက သူမရှေ့တွင် ရပ်၍ သူမ မျက်နှာကို တည့်တည့်ကြည့်၍ လှောင်ပြောင်ခဲ့သည်။

"ဟမ့် မယ်မင်းက ပြိုင်ဘက်ကင်း အလှတရားနဲ့ ပါရမီနဲ့ ပြီးပြည့်စုံတဲ့ သခင်မလေး ဖြစ်ကောင်းဖြစ်မှာပေါ့လေ ဒါပေမဲ့လေ နောက်ဆုံးကျတော့လည်း နင်က သာမန်မှသာမန်ကျတဲ့ အရာရှိသေးသေးလေးရဲ့ သမီးဖြစ်နေတုန်းပဲ အိုင်း... ပန်ကုန်းကျူအတွက်တော့ မယ်မင်းလို ကလေးမလေးမျိုးကို ခြေမွပစ်ဖိုက ပုရွက်ဆိတ်လေး တစ်ကောင်ကို ခြေမွပစ်တာထက်တောင် ရိုးရှင်းနေသေးတယ်"

သူမ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် သူတိုသည် သူမကို ရှင်းပစ်ခဲ့သော်လည်း အများအမြင်တွင် သူမက ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားသကဲ့သို ထင်မြင်စေခဲ့သည်။ သူမအတွက် တရားမျှတမှုယူပေးရန် လာခဲ့သော သူမ၏ တစ်ဦးတည်းသော မောင်ငယ်သည်လည်း လမ်းတွင်ပင် အသတ်ခံခဲ့ရသည်။ သားနှင့်သမီးဖြစ်သူ၏ သတင်းကို ကြားခဲ့သော သူမဖခင်သည်လည်း စိတ်နှလုံးထိခိုက်သွားပြီး အိပ်ရာထဲလဲသွားခဲ့ကာ နောက်ဆုံးတွင် ဆုံးပါးသွားခဲ့ရသည်။

ဟုန်ရှောင်းမင်းဆက် လေးဆယ့်နှစ်နှစ်မြောက်တွင် ယန်ကျင်း၏ နံပါတ်တစ်အလှပဂေး ရွှယ်ဖုန်းဖေး ကွယ်လွန်သည်။

သိုသော် မထင်မှတ်ထားစွာပင် သူမသည် ဝန်ကြီးချုပ်အိမ်တော်၏ ရေနှစ်သွားသော တိသမီးကျန်းလီ၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားလာခဲ့သည်။

သူမ ဒုတိယအကြိမ်ရှင်သန်ရန် အခွင့်အရေးရလာခဲ့သည်။

ဤသိက္ခာတော်ရ ကြီးမြတ်လှသော အိမ်တော်ကြီး၏ ရှက်ရွံဖွယ်လျှိဝှက်ချက်များသည် သူမ အိမ်တော်ထဲသို ခြေတစ်လှမ်းချရုံမျှဖြင့် ဆက်တိုက်ဆိုသလို ပေါ်ထွက်လာတော့သည်။ လျှိဝှက်ချက်များ ဖော်ထုတ်ခံရခြင်းများ၏ လက်သည်ကလည်း သူမသာ ဖြစ်လိုနေပြန်သည်။

သူမ၏ လမ်းတလျှောက်တွေ့ရသမျှ မကောင်းဆိုးဝါးများ မိစ္ဆာများကို သူမသည် တေးမှတ်မထားဘဲ ချက်ချင်း လက်စားပြန်ချေခဲ့သည်။

မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း။

ရွှဖုန်ဖေးဘဝတွင် နူးညံ့လှပခဲ့သော သူမ၏ စိတ်နှလုံးလေးသည် ယခုအချိန်တွင်တော့ ဓားတစ်ချောင်းကဲ့သို ထက်ရှလွန်းနေခဲ့ပြီ။

ကျန်းလီသည် လွှတ်ရန်အသင့်ဖြစ်နေသော လေးကိုင်းထက်မှ မြှားကဲ့သိုဖြစ်လာသည်။

"ဒီတစ်ခေါက်တော့ ဘယ်တော့မှ နင်းခြေခံရမဲ့ ရွှလိုမျိုး အားနည်းပျော့ညံ့တဲ့သူ ဖြစ်လာမှာမဟုတ်တော့ဘူး"

"ဒီဘဝမှာ ငါ့ရဲ့ သွေးကြွေးကို သေချာပေါက် ပြန်ယူရမယ်"

............................................................

သူသည် မြောက်ပိုင်းရန်၏ အသက်အငယ်ဆုံး နယ်စားတစ်ပါး ဖြစ်သည်။ လွပ်လပ်ပြီး ချောမောခန့်ညားလွန်းသော်လည်း ရက်စက်ပြီး စိတ်အပြောင်းအလဲမြန်သည်။

သူ၏ အိမ်တွင် ကမ္ဘာပေါ်မှ အဆန်းကြယ်ဆုံးနှင့် ပြိုင်ဘက်ကင်းရှားပါးသည်ဟု သတ်မှတ်ထားသော ပန်းများစုစည်းထားသည်။

လူတိုင်းသည် ကျန်းမိသားစု၏ ဒုတိယသခင်မလေးသည် ရိုးသားဖြူစင်ပြီး ကြာပန်းဖြူလေး တစ်ပွင့်ကဲ့သို သန့်စင်ကာ အလွန်တက်ကြွပြီး ချစ်စရာကောင်းသည်ဟု ပြောကြသည်။

ခမ်းနားတောက်ပသော အနီရောင်ဝတ်စုံဝတ်ဆင်ထားသော သူက အပြုံးတစ်ပွင့်ဖြင့် ပြန်ပြောလာသည်။

"သူမက သေချာပေါက် အရိုးပါးမကျန်အောင် ဝါးစားတဲ့ လူသားစားပန်းပွင့်ကြီးဆိုတာ ရှင်းရှင်းကြီး သိသာနေတာကို ဘာကို ကြာပန်းဖြူလော အာဏာရှိအိမ်တော်မှ သမီးကညာတိုကြားက ဇာတ်လမ်းတစ်ပုဒ်...

လှပပြီး မြူဆွယ်တတ်သော သခင်ကြီးနှင့် ခေါင်းမာပြီး လုပ်ချင်ရာလုပ်တတ်သော ကြာပန်းဖြူ သခင်မတိုသည် တစ်ယောက်လက်တစ်ယောက်ဆွဲ၍ လောကကြီးကို သူတိုလက်အောက်တွင် ထားရန် ဆုံးဖြတ်ခဲ့ကြသည်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now