Part 5.1

1.7K 165 0
                                    

အခန်း (၅.၁)

မွှေးရနံ့ဆီနဲ့ အလှကုန်ပုလင်းများ

နောက်ထပ် ဆယ်ရက် ကုန်လွန်သွားခဲ့တယ်။

ကျန်းလီက တောင်ပေါ်က ကြမ်းတမ်းတဲ့ ဘဝနဲ့ အမြန်အဆန်ပဲ လိုက်လျောညီထွေ ဖြစ်လာခဲ့တယ်။ သူမက နေ့တိုင်း မပြီးနိုင်တဲ့ အလုပ်တွေ၊ သူမရဲ့ ဝမ်းစာကို မစားနိုင်တာတွေ၊ စိုစွတ်တဲ့ နေရာမှာ အိပ်ရတာတွေ၊ မကြာခဏ အနိုင်ကျင့် ခံရတာတွေ ရှိနေပေမဲ့၊ ကျန်းလီက အဲဒါတွေနဲ့ အမြန်အဆန်ပဲ လိုက်လျောညီထွေ ဖြစ်လာခဲ့တယ်။

ဖြစ်နိုင်တာကတော့ ဒီရက်တွေအတောအတွင်းမှာ၊ သူမက တိတ်တိတ်ဆိတ်ဆိတ်နေခဲ့ပြီး တာဝန်ကျေပွန်နေခဲ့တာ ဖြစ်လိမ့်မယ်။ ပထမဆုံးအနေနဲ့၊ သီလရှင်ကျောင်းရဲ့ ကျောင်းထိုင် သီလရှင် ကျင်အန်းက သူမကို လာရောက်ကြည့်ရှုလာခဲ့တယ်။

ကျောင်းထိုင်သီလရှင်ကျင်အန်းက အသက်နှစ်ဆယ်ကျော် အမျိုးသမီးငယ်တစ်ဦး ဖြစ်ခဲ့တယ်။ သူမက အရင်က လူချမ်းသာ မိသားစုရဲ့ဇနီးဖြစ်ခဲ့ဖူးတယ်လို့ ပြောကြတယ်။ ခင်ပွန်းသည် သေဆုံးသွားပြီးတဲ့နောက်မှာတော့၊ သူမက တောင်ပေါ်သို့တက်လာပြီး သီလရှင်တစ်ပါးဖြစ်ဖို့ ဆံပင်ကို ရိတ်ခဲ့တယ်။

လွန်ခဲ့တဲ့ရက်တွေတုန်းက၊ ကျန်းလီဟာ အမတ်နင်ယွမ်သားရဲ့ အိမ်ထောင်ရေးကိစ္စကို ကြားတဲ့အခါ၊ ယန်ကျင်းကို ပြန်ဖို့ အတွက် ဆူညံစွာ တောင်းဆိုခဲ့တယ်။ ပြီးတော့ ကျောင်းထိုင် ကျင်အန်းနဲ့ ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့တယ်။

သီလရှင် ကျင်အန်းက ကျန်းလီကို စိုက်ကြည့်ပြီးတော့ ယဉ်ကျေးသိမ်မွေ့နဲ့ စကားလုံးအချို့ကို ပြောတယ်။ ပြီးတဲ့နောက်မှာတော့ သူတို့ကို ဘာတစ်ခုမှ မပေးဘဲ ထွက်ခွာသွားခဲ့တယ်။

တုန်အာက သူမရဲ့ တင်ပါးပေါ်ကို လက်တင်ပြီးတော့ ထွက်ခွာသွားပြီဖြစ်တဲ့ သီလရှင်ကျင်အန်းရဲ့ နောက်ကျောကို ကြည့်ပြီး တံတွေးထွေးလိုက်တယ်။

"ထွီ၊ ကပ်စေးနှဲတဲ့ အဖွားကြီး"

ကျန်းလီက ပြုံးပြီးတော့ ပြောလိုက်တယ်။

"သူမက အဘွားကြီးထက်တော့ အများကြီး ငယ်ပါသေးတယ်။"

အမှန်တကယ်တော့၊ သီလရှင် ကျင်အန်းက အသက် နှစ်ဆယ်ကျော်သာ ရှိခဲ့တယ်။ သူမက မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားပေမဲ့၊ သူမရဲ့ သွယ်လျပြီး ချောမောလှပတဲ့ ရုပ်ရည်သွင်ပြင်ကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ဘူး။ အဲဒါ အပြင် သူမရဲ့ အသွင်အပြင်က သပ်ရပ်လှပခဲ့တယ်။ ဒါပေမဲ့ သူမတို့ နှစ်ယောက်အပေါ်မှာ ထားရှိတဲ့ သူမရဲ့ သဘောထားက အထက်စီးဆန်ခဲ့တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now