Part 5.2

1.6K 171 0
                                    

အခန်း (၅.၂)

ကုန်သည်

တုနါအာက ပြန်ဖြေခါနီးမှာ၊ အပြင်ဘက်မှ ကျယ်လောင်တဲ့ အော်သံကို ရုတ်တရက် ကြားခဲ့ရတယ်။ ကျေးလက်သီချင်းသံလိုမျိုး ဖြစ်နေတဲ့ လူတယောက်ရဲ့ ရယ်သံပဲ ဖြစ်ခဲ့တယ်။ တုန်အာက သူမရဲ့ နားရွက်ကို နားစိုက်ထောင်လိုက်ပြီး ခြေထောက်တွေကို ခုန်လိုက်တယ်။

"သခင်မလေး၊ အမျိုးသားကျန့် လာပါပြီ။ အမျိုးသားကျန့်က ဒီနှစ်လည်း ပစ္စည်းအချို့ ယူပြီး လာနေပြီ"

ကျန်းလီက ချက်ချင်းပဲ ပြတင်းပေါက်ကို လှည့်ကြည့်ကာ ပြုံးပြီး ပြောလိုက်တယ်။

"ဒါဆို ကြေးပြားတွေ အားလုံးထုတ်လာခဲ့၊ ကိတ်မုန့် သွားဝယ်ကြမယ်"

"အားလုံးလား"

တုန်အာက အံ့သြတကြီးနဲ့ ခေါင်းကို လှည့်ခဲ့တယ်။

"အားလုံးပဲ"

တုန်အာက အိမ်ထဲမှာရှိတဲ့ ကြေးပြားအားလုံးကို ယူလာပြီးတဲ့နောက်မှာ၊ အပြာရောင်အ၀တ်စဖြင့် ထုပ်ပိုးပြီး သူမရဲ့ လက်ထဲတာမှာ သယ်ဆောင်သွားခဲ့တယ်။ ပြီးတဲ့နောက်မှာတော့ ကျန်းလီနဲ့အတူ ဘုရားကျောင်းမှ ထွက်ခွာသွားခဲ့တယ်။

ဒီတောင်က မြင့်မားပေမဲ့ တောင်နံဘးက ဟယ်လင်ဘုရားကျောင်းကတော့ လူစည်ကား နေခဲ့တယ်။ လာရောက်သူအားလုံးက ချမ်းသာတဲ့ တော်ဝင်မိသားစုတွေဖြစ်ကြပြီး၊ ဈေးသည်တွေဆီက ပစ္စည်းများဝယ်ရတာကို စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါကြောင့်၊ စျေးသည် အများစုက တောင်ပေါ်မှာ စီးပွားရှာဖို့ စိတ်ကူးမရှိခဲ့ကြဘူး။ သူ့ မိသားစုက ကျင်ချန်းတောင် ခြေရင်းမှာ နေထိုင်ပေမဲ့လဲ၊ အမျိုးသားကျန့်က ပုံမှန်ဆို တောင်ပေါ်ကို မလာခဲ့ဘူး။

ဒါပေမဲ့ နှစ်တိုင်း မေလကနေ ဇွန်လအထ် မက်မွန်ပွင့်တွေက တောင်တန်းတွေပေါ်မှာ ပွင့်လန်းနေခဲ့ကြတယ်။ ချမ်းသာတဲ့ တော်ဝင်မိသားစုတွေသာမက သာမန်လူတွေကလည်း ပန်းတွေကို ကြည့်ရှုဖို့ ကျင်ချန်းတောင်ထိပ်ကို တက်လာခဲ့ကြတယ်။ လူတွေ အများကြီးရှိတဲ့ ဒီနေ့ရက်တွေကို ရွေးပြိီး၊ ကုန်သည်တွေက သူတို့ရဲ့ အလှကုန်တွေကို ရောင်းချဖို့ တောင်ပေါ်ကို တက်လာခဲ့ကြတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now