Part 12

1.5K 157 0
                                    

12 01

အခန်း (၁၂)

အခုတလော ယန်ကျင်းမြို့တော်ကြီးမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်နေတယ်။

လမ်းဘေးစားသောက်ဆိုင်တွေမှာ ဇာတ်လမ်းပုံပြင်ပြောသူ အရေအတွက်တောင် အနည်းငယ် တိုးလာသေးတယ်။ လူကြိုက်အများဆုံးကတော့ "ညအချိန် စွဲမက်ဖွယ် သီလရှင်တစ်ယောက်ဟာ ကျင့်ကြံနေရင်း အမြှီးကောက် မျောက်တစ်ကောင်က အထိတ်တလန့် ဖြစ်စေခဲ့ပြီး မမျှော်လင့်ပဲ ကြည်နူးစရာ မြင်ကွင်းဖြစ်သွားတယ်" ဆိုတာပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က မျိုးရိုးမြင့်တွေဟာ ဟယ်လင်ဘုရားကျောင်းမှာ အမွှေးတိုင်ဆက်ကပ်ကာ ပြန်လာခဲ့ကြပြီး သူတို့နဲ့ အတူ ထိတ်လန့်ဖွယ်သတင်းအချို့လည်းယူလာခဲ့တယ်။

ချင်ချန်းတောင်၊ ဟယ်လင်ဘုရားကျောင်းတွင် တာဝန်ခံထုန်မင်ရဲ့ အချစ်ဆုံး တပည့်ဝူကျင်းဟာ တကယ်တော့ တာဝန်မဲ့တဲ့ရဟန်းတစ်ပါး ဖြစ်တယ်။ သူက အိမ်ထောင်သည် အမျိုးသမီး အများစုကို ဖျက်စီးရမ်းကားခဲ့တဲ့အပြင် အနားက သီလရှင်ကျောင်းက သီလရှင်​ခေါင်းဆောင်ကိုတောင် အလွတ်မပေးခဲ့ဘူး။ ဟယ်လင်ကျောင်းတော်က လူသိများတဲ့ကျောင်း ဖြစ်တဲ့အညီ အရင်က မိန်းမငယ်လေးတွေ သခင်မကြီးတွေ လာရောက်ပြီး ဆုတောင်း အမွှေးတိုင်ပူဇော် ဆက်ကပ်ကြလေ့ရှိတယ်။

ဒီမကောင်းသတင်းကို ပျံ့သွားမှာ စိုးရိမ်တဲ့အတွက် ဆုတောင်းဖို့ သွားကြတဲ့ မိန်းမအများစုက တစ်လုံးတစ်ပါဒမှ မဟဖို့ကိုပဲ ရွေးချယ်ခဲ့ကြတယ်။ သူတို့က တခြားသူတွေရဲ့အမြင်မှာ တစ်နည်းနည်းနဲ့ ဒီကိစ္စထဲမှာ ပါဝင်ပက်သက်သွားပြီး သူတို့အ​ပြုအမူနဲ့ ​အကျင့်သိက္ခာ ပျက်စီးသွားမှာ ကြောက်တာကြောင့် ဖြစ်တယ်။ မကြာခင်မှာပဲ တစ်ယောက်ယောက်က ဒီပြဿနာကို ဧကရာဇ်ဆီ တင်ပြလိုက်ရာ အရှင်ဟုန်ရှောင်းသိသွားတော့ အလွန်အမင်း အမျက်ဒေါသ ထွက်သွားတော့တယ်။ သူက ဒီကိစ္စနဲ့ ဆက်စပ်တဲ့သူ အားလုံးကို ပြင်းပြင်းထန်ထန် အပြစ်ပေးစီရင်ခဲ့တဲ့အပြင် နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဟယ်လင်ကျောင်းတော်ကို ပိတ်ပစ်တဲ့အထိ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ လူအများစုက မတော်တဆ ချစ်သူနှစ်ယောက် ချိန်းတွေ့တာကို သူတို့မျက်စိနဲ့ ကိုယ်တိုင် မြင်တွေ့ခဲ့ကြတယ်။ အမျိုးသမီးတွေက ဘာမှမပြောပေမဲ့ ယောက်ျားသားတွေကတော့ ကွက်ကွက်ကွင်းကွင်း စိတ်ဝင်တစားနဲ့ကို သီလရှင်မလေးကျင်းအန်က ဘယ်လောက်လှကြောင်းကို စိတ်ထက်သန်စွာ အချစ်ကိစ္စရပ်တစ်ခုလိုမျိုး အာပေါင်အာရင်းသန်သန် ပြောနေကြတော့တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now