Part 3.1

2.1K 180 1
                                    

အခန်း (၃.၁)

သမီး

သူမမျက်နှာကို အကြိမ်ပေါင်းများစွာ ကြည့်နေခဲ့ပေမဲ့လဲ၊ ရွှီဖုန်းဖေးက အဲဒါကို အကျွမ်းတဝင် ဖြစ်ခြင်း မရှိခဲ့ဘူး။

မှန်ထဲမှာ မျက်နှာကို အက်ကွဲနေသည့်ပုံဖြစ်စေဖို့ ကြေးမုံမှန်မှာ ဘေးတွင် အက်ကွဲကြောင်း တစ်ခု ရှိနေခဲ့တယ်။ ရောင်ပြန်ဟပ်နေတဲ့ သူမရဲ့မျက်နှာက ပုံပျက်ပန်းပျက်ဖြစ်နေပေမဲ့၊ သူမက အသက် ၁၄ နှစ် ဒါမှမဟုတ် ၁၅ နှစ်လောက် ဖြစ်ပုံ ရပြီး အစေခံမိန်းကလေး တုန်အာနဲ့ အသက်တူတူလောက် ဖြစ်နေခဲ့ပြီးတော့ ထိတ်လန့်စရာကောင်းလောက်အောင် ပိန်နေခဲ့တယ်။

သူမ အသက် ၁၄ နှစ်၊ ၁၅ နှစ်လောက်တုန်းက ဒီလို ဝါဖျော့ဖျော့ပုံ နဲ့ ဖျားနာတာမျိုး မရှိခဲ့ ဘူးဆိုတာကို ရွှီဖုန်းဖေးက သတိရမိသွားခဲ့တယ်။ ဒုဝန်ကြီးရဲ့ တရားဝင်သမီးက ဒီလိုမျိုးပုံစံလို့ ပြောကြတယ်။ အဆင့်အတန်းနိမ့်တဲ့သူဖြစ်ရတာထက်စာရင် ဒါကို ပိုပြီးတော့ ကြောက်ကြတယ်။ ယန်ကျင်း မှာ နံပါတ် ၁ အလှဆုံးဖြစ်ခဲ့တဲ့ သူမရဲ့ မူလမျက်နှာ နဲ့ ဒီမျက်နှာကို တကယ် နှိုင်းယှဉ်လို့မရနိုင်ခဲ့ဘူး။

ဒါပေမဲ့ နောက်ဆုံးမှာ အဲလိုမျက်နှာမျိုးကတောင်မှ ကောင်းမွန်တဲ့အဆုံးသတ် မရှိခဲ့ဘူး။ လှပတဲ့ အမျိုးသမီးတွေက ကံကြမ္မာဆိုးနဲ့ တွေ့ကြုံရတတ်တယ်။ အကြောင်းအရင်းမသိဘဲ သူမ သေဆုံးခဲ့ရသလိုမျိုး။

ရွှီဖုန်းဖေး ရဲ့ အတွေးရထားက မလွင့်ပျောက်သွားနိုင်ခဲ့ဘူး။ သူမကိုယ်သူမ အသက်ရှင်ကျန်ရစ်နေမယ်လို့ လုံးဝမမျှော်လင့်ထားခဲ့ဘူး။ ဒါမှမဟုတ် သူမက သေဆုံးသွားခဲ့ပေမဲ့ အသက်ပြန်ရှင်လာခဲ့တယ်။ဆိုပြီး သူမ ပြောသင့်တယ်။ ဒါပေမဲ့ ယန်ကျင်းက ကျန်း မိသားစုရဲ့ ဒုဝန်ကြီးရဲ့သမီး ကျန်းလီတော့ ဖြစ်နေလိမ့်မယ်။

ကျန်းယွမ်ပိုင်ကို ဧကရာဇ်မင်းမြတ်ရဲ့ လေးစားအားထားရတဲ့ဆရာ ပြီးတော့ ဒုဝန်ကြီး တစ်ယောက်အနေနဲ့ သတ်မှတ်ပြီးတော့ လက်ရှိတရားရုံး အရာရှိများက လေးစားလိုက်နာကြတယ်။ ကျန်းယွမ်ပိုင်က လတ်တလောမှာတော့ အမြင့်ပိုင်းရာထူးမှာ ရှိနေပေမဲ့ အင်အားကြီးတဲ့ပုံ မနေထိုင်ခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနဲ့၊ သူက သာမာန်ပုံစံသာ နေထိုင်ပြီးတော့ သူ့ရဲ့ အလုပ်တွေ အားလုံးကို ကျွမ်းကျင်စွာ ပြီးမြောက်ခဲ့တယ်။ ဒါတွေကြောင့်မို့၊ အင်ပါယာနဲ့ ဆိုင်တဲ့ တရားရုံး အလယ်မှာ၊ လူတိုင်းက သူနဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ချင်ကြပုံပေါ်တယ်။ ဒါပေမဲ့ အမှောင်ထဲမှာ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာတွေ ဆိုတာကိုတော့ ဘယ်သူကမှ မသိခဲ့ကြဘူး။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now