Part 32

981 121 1
                                    

အခန်း (၃၂)

အပြစ်ဖို့ခံရခြင်း

"ဒီတစ်ခုက အတုပဲ။ ဒါက ငါ့ဆံထိုး မဟုတ်ဘူး"

သူမက သူမရဲ့မျက်လုံးတွေကို မှေးကြည့်ပြီး ပြောလိုက်တယ်။

လူအုပ်ကြီးက တစ်ခဏလောက် တိတ်ဆိတ်သွားခဲ့တယ်။

သခင်မကြီးလျူက ပထမဆုံး ပါးစပ်ကို ဖွင့်ပြီးတော့ မေးလိုက်တယ်။

"ဒုတိယသခင်မလေးကျန်း၊ ဒီဟာက ဘာကိုဆိုလိုတာလဲ"

ကျန်းလီက ပြုံးပြီးတော့ သူမရဲ့လက်ထဲက ဆံထိုးကို သခင်မကြီးလျူကို လက်လွှဲပေးခဲ့တယ်။ သူမက တိုးတိုးလေး ပြောလိုက်တယ်။

"ကျွန်မက ယန်ကျင်းမှာရှိတဲ့ 'ကျီရှန်းလို့'ဆီကနေ ပတ္တမြားဆံထိုးတစ်ခုကို ဝယ်ဖို့ ငွေစ ၄၀၀ သုံးခဲ့တယ်။ 'ကျီရှန်းလို့'မှာ ပတ္တမြားဆံထိုးက စုစုပေါင်း ၃ခုပဲရှိတာ၊ အတိအကျ ပြောရမယ် ဆိုရင်တော့ ဒီလိုမျိုးကောင်းမွန်တဲ့ ကျောက်မျက်ရတနာနဲ့ ဒီလို တောက်ပတဲ့အရောင်ကို ရဖို့လေ"

ကျန်းလီက ခဏရပ်လိုက်ပြီးတော့ ဆက်ပြောလိုက်တယ်။

"ဒါပေမယ့် ကျွန်မလက်ထဲက ဆံထိုးရဲ့ လက်ရာက ညံ့ဖျင်းပြီးတော့၊ အရောင်ကလဲ မွဲတယ်။ ငွေစ ၄၀၀မပြောနဲ့၊ ငွေစ ၄၀တောင်မှ မတန်ဘူး"

"သခင်မလေးက ဘာကို ပြောချင်တာလဲ"

တုန်အာက မမေးဘဲ မနေနိုင်ခဲ့ဘူး။

"ငါသာ တတိယညီမကို တကယ် ချောက်ချချင်ရင်၊ ဒီလို ကြည့်မကောင်းတဲ့ ပစ္စည်းအသေးလေးကို သုံးမှာမဟုတ်ဘူး။ ဒါက ငါ့ဆံထိုး မဟုတ်ဘူး၊ တခြားတစ်ယောက်ယောက်က ငါ့ဆံထိုးကို ယူသွားပြီးတော့ ဒီကျိုးနေတဲ့ဟာနဲ့ ငါ့ကို ဟာသဖြစ်အောင် လဲလိုက်တာပဲ"

ကျန်းလီရဲ့အသံက အထင်သေးမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

တစ်ယောက်ယောက်က သူမရဲ့ ဆံထိုးကို ယူသွားတယ်။

စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ကိစ္စတွေက သိသိသာသာ ပြောင်းလဲသွားတယ်။ လူတိုင်းက ရုတ်တရက် သဘောပေါက်သွားခဲ့ပေမဲ့၊ တစ်ခဏအတွင်းမှာပဲ သံသယစိတ်တွေက ပိုကြီးထွားလာခဲ့တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now