Part 37.1

758 80 0
                                    

37 01

အခန်း (၃၇.၁)

အောင်ပွဲခံခြင်း

ကျိချန်းကျီနဲ့ ကျိရှုရန်တို့က ဘာတွေ ဆွေးနွေးနေကြသလဲဆိုတာကို ကျန်းလီက မသိခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ ကျိရှုရန်ရဲ့ထောင်ချောက်ကို ထိပ်တိုက်ရင်ဆိုင်ပြီးတော့၊ သူမနဲ့ ကျိရှုရန်တို့ရဲ့ သဘောထား ကွဲလွဲနေတာတွေကို လူတိုင်းရှေ့မှာ ထုတ်ဖော်ပြသခဲ့ရမယ်ဆိုတာကိုတော့ သူမက သေချာသိနေခဲ့တယ်။ အရင်က ကျိရှုရန်က ဒုတိယကျန်းသခင်မလေးကို ဆက်ဆံပုံကို အကဲဖြတ်ကြည့်မယ်ဆိုရင်၊ ကျိရှုရန်က စိတ်သဘောထား ကြီးမားသူ မဟုတ်ခဲ့ဘူး။ သဘောထားကွဲလွဲတာတွေ များလေလေ၊ ကျိရှုရန်က ပိုပြီး အားကြီးတဲ့ နည်းလမ်းတွေကို ရှာဖွေလာလေလေပဲ ဖြစ်ခဲ့တယ်။

ကျန်းလီက လုံးဝ မကြောက်ခဲ့ဘူး။

သူမက ရွှီဟိုင်ယန်နောက်ကနေ နေရာတကာ လိုက်ခဲ့ဖူးခဲ့တယ်။ ရွှီဟိုင်ယန်က အစိုးရရေးရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ၊ သူမကို မကွယ်ဝှက်ထားခဲ့ဘူး။ အဲ့ဒီအစား သူမနဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်။ သူမနဲ့ အိပ်ယာကို မျှဝေသုံးစွဲခဲ့တဲ့သူက သူမကို ထိခိုက်စေခဲ့ဖူးသလို၊ သူမက တစ်ခါ သေဆုံးခဲ့ဖူးတယ်။ အခုလက်ရှိ သူမက လက်လွတ်စပယ်နဲ့ ဖျက်ဆီးပစ်နိုင်မဲ့ ခိုင်မာတဲ့ စိတ်ကို ကြိုတင် ပြင်ဆင်နေခဲ့တယ်။

သူမက ဖန်းဖေးဥယျာဉ်တော်ထဲကကို ပြန်လာပြီးတော့ အနားယူဖို့ရာ ထိုင်နေခဲ့တယ်။ သူမထိုင်နေတာ နာရီဝက် မပြည့်ခင်မှာ၊ ဖိတ်ကြားခြင်း မခံထားရတဲ့ ဧည့်သည် တစ်ယောက်ရောက်လာခဲ့တယ်။

နှံကောင်လှောင်အိမ်ကို သယ်လာတဲ့ ကျန်းကျင်းရော့က မဖိတ်ခေါ်ဘဲနဲ့ ဥယျာဥ်တော်မှာ လက်ဖက်ရည် သောက်ဖို့ရာ ရောက်လာခဲ့တယ်။

ဒီ အဆင့်အတန်းမြင့်တဲ့ ဒုတိယသခင်လေးက ကလန်ကလဆန် လုပ်တတ်တယ်။ ဒုတိယသခင်ကြီး ကျန်းယွမ်ဖျင်နဲ့ ဒုတိယသခင်မကြီးလုရှီတို့ နှစ်ယောက်စလုံးက သူ့ကို မဆုံးမနိုင်ခဲ့ကြဘူး။ ကျန်းယွမ်ပိုင်ရဲ့ တစ်ခါတစ်ရံပြောတဲ့ စကားတွေကပဲ ကျန်းကျင်းရော့ကို တစ်လုံး သို့မဟုတ် နှစ်လုံး နားထောင်လာအောက် ပြုလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီဒုတိယသခင်လေးက ကျန်းလီနဲ့ အတော်လေးရင်းနှီးတယ်လို့ ယူဆလို့ရခဲ့တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now