Part 27

1K 116 1
                                    

အခန်း (၂၇)

ရှန်ရုယွင်က သည်းမခံနိုင်တော့ဘူး။ အခုလက်ရှိမှာ သူမရဲ့ ဂုဏ်အဆင့်အတန်းက ပြောင်းလဲသွားပြီ။ တကယ်လို့ သူ့အစ်ကို ရှန်းယွီရုန်ကသာ ထိပ်ဆုံးဂုဏ်ထူးနဲ့အရာရှိမဖြစ်လာဘူးဆိုရင် မနှစ်ထဲက သူမဟာ မြို့ထဲက ဝိုင်အရက်ရောင်းတဲ့ လုပ်ငန်းအသေးစား ဆိုင်ပိုင်ရှင်နဲ့ပဲ လက်ထပ်ရမှာဖြစ်ပြီး အဲဒီအချိန်တုန်းက အဲ့လိုလူနဲ့ လက်ထပ်​ဖြစ်ရင်တောင် သူ့အဆင့်အတန်းက နည်းနည်း မြင့်တက်သွားတယ်လို့ ယူဆလို့ ရဦးမှာဖြစ်တယ်။ ဒါပေမယ့် အခုကမတူတော့ဘူးလေ...သူ့အစ်ကိုက ဧကရာဇ်ကိုယ်တိုင်က ချီးမြှောက်ခံထားရတဲ့ ဂုဏ်ယူစရာ အရာရှိတစ်ယောက်ဖြစ်သွားပြီ။ အဲ့တော့ သူမရဲ့ဂုဏ်အဆင့်အတန်းကလည်း တစ်ဆင့်ချင်း တက်သွားပြီ။ရှန်းယွီရုန်ကအလားအလာရှိတဲ့အပြင် မင်းသမီး ယုံနင်းရဲ့ထောက်ခံအရေးပေးမှုရထားတာကိုလည်း သူမသတိထားမိတယ်။ အနာဂတ်မှာ သူတို့ရဲ့ ရှန်မိသားစုက ဒီထက်ပိုပြီး ပြောမပြနိုင်လောက်အောင် ဂုဏ်အဆင့်အတန်းက ပိုမြင့်ရင်လည်း မြင့်သွားနိုင်တာပဲ။ အဲ့တော့ ဆိုင်ပိုင်ရှင်မဆိုထားနဲ့ သာမန်အရာရှိတွေရဲ့သားတွေကိုတောင် သူမက မျက်စိထဲ မထည့်တော့ဘူး။

သူမရဲ့ နှလုံးသားထဲမှာတော့ လူတစ်ယောက်ရှိခဲ့တယ်..သူက ယန်ကျင်းရဲ့လူချောလေး ဂုဏ်ပုဒ်ရထားတဲ့ အမတ်ချုပ်ကြီးနင်းယွမ်ရဲ့ ဆက်ခံသူ ကျိုးယန်ပန်ပဲဖြစ်တယ်။ ကျိုးယန်ပန်က ကောင်းကင်ပေါ်က ​မြင့်မြတ်တဲ့ တိမ်ကလေး...သူမကတော့ မြေကြီးပေါ်က ရွှံ့သာသာ အခြေအနေတုန်းထဲက သူမကသူ့ကို တိတ်တိတ်လေး ခိုးကြည့်ကာနှစ်သက်စုံမက်ခဲ့ရတာ ဖြစ်တယ်။ ဒါပေမယ့် အခြေအနေတွေဟာ ပြောင်းလဲသွားခဲ့ပြီ..အခုသူမက အဆင့်တစ်ခုမှာရှိနေပြီး ကျိုးယန်ပန်ရဲ့ဇနီးအဖြစ်တောင် ရပ်လို့ရတဲ့နေရာမှာ ဆိုတာ ရှန်ရုယွင်က သဘောပေါက်သွားတယ်။

မည်သို့ပင်ဖြစ်စေကာမူ ကျိုးယန်ပန်ဟာ ငယ်စဥ်ကတည်းက ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသမီး ဂုဏ်သရေရှိ ဒုတိယ သခင်မလေးနဲ့ လက်ထပ်ဖို့ရာ စီစဉ်ထားပြီးခဲ့တာ ဖြစ်တယ်။ ကျန်းသခင်မလေး ၂ ရဲ့ရက်စက်ဆိုးယုတ်တဲ့ လုပ်ရပ်ကြောင့် အမတ်ကြီးနင်းယွမ်တို့က ဒီလိုစရိုက်မျိုးနဲ့ မိန်းကလေးကို သူတို့အိမ်ထဲပေးမဝင်စေချင်ခဲ့ဘူး။ ဒါပေမဲ့ လူကြီးတွေရဲ့ ကတိကဝတ်အရ လက်ထပ်ပွဲကိုဖျက်သိမ်းလို့မရတော့ ဒုတိယ သခင်မလေးအစား သင့်တော်တဲ့ တတိယ သခင်မလေးက အစားထိုးဝင်သွားတာဖြစ်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now