Part 15

1.4K 161 0
                                    

15 01

အခန်း (၁၅)

အသူရာနေမင်းကြီးက ကောင်းကင်အထက်မှာ ရပ်တန့်နေပုံက ရွှေလင်ပန်းကြီးလိုဘဲ။ နွေရာသီမို့ ဘာလေမှမတိုက်ဘဲ ပုစဥ်းရင်ကွဲတွေရဲ့အသံကိုပဲ ကြားနေရတယ်။

ခပ်ငယ်ငယ်အစေခံမလေးက အညိုရောင်​ပြောင်ဝတ်စုံတိုလေးနဲ့ သူမဆံပင်ကို နှစ်ဖက်ခွဲထုံးထားပြီး ချစ်စရာအသွင်လေးနဲ့အတူ ဘေးကသူကို အောက်ဆင်းဖို့ ကူတွဲပေးထားတယ်။ သူမက အတော်ငယ်ပြီး အခုမှ ဖူးပွင့်ကာစ ၁၄ ၁၅အရွယ်လောက်ဘဲရှိမဲ့ အပျိုနုနုထွတ်ထွတ်လေးဖြစ်တယ်။ တစ်ဖက်က သူကတော့ လျှော်ပါများလို့ အရောင်မွဲနေတဲ့ မီးခိုးရောင်သီလရှင်ဝတ်စုံကို ဆင်မြန်းထားတယ်။ ဝတ်စုံကကြီးနေတော့ မိန်းကလေးရဲ့ သေးသွယ်တဲ့ ကိုယ်လုံးလေးကို ပိုပြီးနုနယ်ချည့်နဲ့တဲ့ပုံပေါ်စေပြီး ပိတုန်းရောင်လို နက်မှောင်တဲ့ ဆံပင်ရှည်တစ်ဝက်ကို သစ်သားဆံထိုးနဲ့ ထုံးထားပြီးတော့ ကျန်တဲ့တစ်ဝက်က သူမပုခုံးပေါ်ကိုရေတံခွန်လို ဖြာကျနေတော့တယ်။ သွားဖြူဖြူနဲ့ ခပ်ရဲရဲနှုတ်ခမ်း၊ မျက်လုံးတွေက တောနက်ထဲက ပျိုမြစ်တဲ့သမင်မျက်လုံးတွေလို ကြင်နာနွေးထွေးပြီး ဖြူစင်တယ်။

သူ့ရဲ့ လက်နဲ့ခြေထောက်တွေမှာတော့ စိပ်ပုတီးလေးတွေရှိပြီး ရိုးရှင်းတဲ့ မီးခိုးရောင် ဖိနပ်တစ်ရံကို စီးထားတယ်။ သူက မျက်လွှာချကာ လက်တွေကို အတူပူးထားတယ်။ မျက်တောင်ရှည်တွေ၊ နို့နှစ်ရောင်အသားအရည်၊ မှင်နက်ရောင်ဆံနွယ်တွေနဲ့ သူ့ကို မြင်တဲ့သူအားလုံး အသက်ရှူ ရပ်သွားကြတယ်။ သူမ သိမ်မွေ့ကျိုးနွံပြီး ရက်စက်တဲ့ လောကကြီးအကြောင်း ဘာမှနားမလည်ပုံလေးနဲ့ သနားကြင်နာသူနတ်ဘုရားမ ပြန်လည်မွေးဖွားလာသလိုမျိုး၊ ဘာအရောင်မှ မဆိုးထားတဲ့ စာရွက်ဖြူလေး တစ်ရွက်လိုမျိုးပဲ။ ခြောက်လပိုင်းမို့ လေမတိုက်နေပေမဲ့ ထိုမိန်းကလေးကို မြင်လိုက်ရသူတွေအဖို့ အေးမြပြီး သက်တောင့်သက်သာ ခံစားလိုက်ရတယ်။ သူမက ကျန်းယို့ရောင်လိုမျိုး တလက်လက် တောက်ပပြီး လှနေတာမျိုး မဟုတ်ဘဲ သဘာဝအတိုင်း ကျက်သရေ ရှိနေတာမျိုး ဖြစ်တယ်။ တောင်ပေါ်က ဘုရားကျောင်းမှာ ကြီးပြင်းလာတာက သူမကို အလိုရမ္မက်တွေ အမိန့်တွေမရှိဘဲ ကျော့ရှင်းအေးချမ်းသွားစေတယ် ထင်တယ်။ သူက ညနေခင်းရဲ့လေညှင်းလေးလို တစ်လှမ်းချင်း လျှောက်လာတယ်။ အစေခံလေးက သူမကို တံခါးဝအထိ ကူတွဲလာပေးပြီး ကျိုးကျိုးနွံနွံနဲ့ ဦးညွှတ်ကာ ​ဘေးမှာရပ်နေတယ်။ သူမက စကားစလိုက်တယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now