Part 20

1.3K 131 0
                                    

20 01

အခန်း (၂၀)

ချင်ချန်းတောင်က အိပ်ရာထက်စာရင် ကျန်းအိမ်တော်က အိပ်ရာက အများကြီး ပိုနူးညံ့ပျော့ပျောင်းတယ်။ ကျန်းယွမ်ပိုင်က ပညာသင်ဆုရသူဖြစ်သလို အကြီးအကဲလက်ထောက်ချုပ်လည်းဖြစ်တယ်။ တချို့က သာမန်အရပ်သား အဆင့်ကနေ ရာထူးရချင်ရုံလောက်နဲ့ အရာရှိ ဖြစ်လာသလို တချို့ကကျ ပြင်းပြတဲ့ရည်မှန်းချက်တွေကြောင့် အရာရှိဖြစ်လာကြတယ်။ ကျန်းယွမ်ပိုင်ကတော့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝရဖို့ဆိုတာနဲ့ ညီမျှတဲ့ သူ့ရည်မှန်းချက်က ပြည့်ဝသွားပြီ ဖြစ်တယ်။

နံနက်ခင်းမှာ တုန်အာက ကျန်းလီကို စောင့်ဖို့လာစဥ် သူမအပြုံးတွေဟာ ယခင်နေ့တွေထက် ပိုမို တောက်ပနေတယ်။ အကြောင်းကတော့ မနေ့ညက သူ့အိပ်ရာကအရမ်းနူးညံ့နေလို့ပဲဖြစ်တယ်။ သူက တခစ်ခစ်ရယ်ရင်း ဘယ်လောက်သက်တောင့်သက်သာဖြစ်လိုက်သလဲဆိုတာကို တတွတ်တွတ်ပြောနေတယ်။ သူမကိုနေရာချထားပေးတဲ့ အခန်းကလည်း ပိုလင်းပြီးကျယ်ဝန်းတယ်။ ယွမ်ရွှမ်းနဲ့ရှန်းချောင် တို့လည်း ရောက်လာပြီး တစ်ဖက်မှာ ရပ်နေကြတယ်။ ယွမ်ရွှမ်းက လုံးဝ ကျန်းလီကို အလုပ်အကျွေးပြုနေရတာကို စိတ်မပါဖြစ်နေချိန်မှာ ရှန်းချောင်ကတော့ ကျန်းလီနဲ့ စကားစမြည်ပြောပေးနေရင်း စားပွဲကိုအပေါ်ယံ သုတ်နေဟန်ဆောင်နေတယ်။ သူမက အခုချိန်ထိ ဘာပင်ပန်းလေးလံတဲ့ အလုပ်တစ်ခုမှ မလုပ်သေးဘူး။ ဖန်ဖိန်းဥယျာဥ်မှာ တုန်အာကလွဲလို့ ဒီနှစ်ယောက်ဘဲရှိတာကို သူတို့က ဘာအလုပ်မှ မလုပ်တော့ တုန်အာကဘဲအတွင်းအပြင် ခြံဝန်းတစ်ခုလုံးက အလုပ်တွေအကုန် သိမ်းကျုံးလုပ်နေရတယ်။ ကျီရှုးရန်က ရည်ရွယ်ချက်ရှိရှိ သူမအတွက် အလုပ်ကြမ်းလုပ်ဖို့ အစေခံတွေ မပေးထားတာ ဖြစ်နိုင်တယ်။ တစ်နည်းအားဖြင့် ဒါက ကျန်းလီကို အနိုင်ကျင့်တာပဲ။ အဲဒါကို ကျန်းလီက သဘောပေါက်သွားတဲ့အခါ သူမကို ပြဿနာလာရှာပြီး ဝုန်းဒိုင်းကြဲလိုက်မယ်ဆိုရင် သူက ကျန်းယွမ်ပိုင်ဆီ ကျန်းလီက ဒေါသကြီးတယ် ဆိုပြီးကုလားဖန်ထိုးကာ မျက်ရည်ခံသွားထိုးလိမ့်မယ်။ အဲဒါကို အကြောင်းပြပြီး အရာရာကသူ့ဟာနဲ့သူ ကျန်းလီကို ထပ်မောင်းထုတ်ဖို့ လမ်းကြောင်း ဖြစ်သွားလိမ့်မယ်။ဒါပေမဲ့ စိတ်မကောင်းစရာက ကျန်းလီက နည်းနည်းလေးတောင် ဂရုမစိုက်တာပဲ။ ယွမ်ရွှမ်းက အပြင်ထွက်သွားချိန် သူမက ရှန်းချောင်ရဲ့ လက်အနားစကို ဆွဲပြီး ပြောတယ်။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now