Part 47

811 81 0
                                    

Ch 47

part 1

ကျန်းလီရဲ့ သွင်ပြင်ကြောင့် မင်ယီကျောင်းတော်က သခင်မလေးတွေ အားလုံးတိတ်ဆိတ်ငြိမ်ကျသွားတယ်။ ကောလဟာလတွေထဲမှာ သူက တုံးအတဲ့တောသူငနုံ ဒါမှမဟုတ်လည်း စိတ်ပုတ်ယုတ်မာ ဗိုလ်ကျတတ်တဲ့ သခင်မလေး စသည်စသည် အမျိုးမျိုးသော အထင်အမြင်တွေက လေထုထဲ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားတယ်။ ကျန်းလီက အခြားအိမ်တော်က ကောင်းကောင်း သွန်သင်လေ့ကျင့်ပေးထားတဲ့ သခင်မလေးတွေနဲ့ ဘာမှ မကွာဘူး။သူက ပိုတောင် ယဥ်ကျေးနေသေးတယ်။ အဲ့တော့ သူတို့က ဝေဖန်ချင်ရင်တောင် ကဲ့ရဲ့စရာ တစ်ကွက်မှ မတွေ့ဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ အရပ်ရှည်ရှည်နဲ့ မိန်းကလေးက စကားစလိုက်တယ်။

"ကျန်းအိမ်တော်က ဒုတိယ သခင်မလေးလား"

ကျန်းလီက သူမကိုမျက်လုံးလှန်ကြည့်လိုက်တယ်။ သူဒီမိန်းကလေးကို ညစာစားပွဲတစ်ခုမှာ တစ်ခါတွေ့ဖူးတယ်။ သူမက ချန်းရွှမ်သံတမန်အိမ်တော်က မုန့်ဟုန်ကျင်းပဲ သူက ကျန်းယို့ရောင်နဲ့ ဆက်ဆံရေးကောင်းတယ်။ ကျန်းလီက ပြန်ဖြေတယ်။

"ဟုတ်ပါတယ်"

"နင်က မင်ယီကျောင်းတော်ကို လာရဲသေးတယ်လား"

မုန့်ဟုန်ကျင်းက သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး "၇နှစ်လောက်အရွယ်ထဲက တောင်ပေါ်ကဘုရားကျောင်းတစ်ခုဆီ အပို့ခံလိုက်ရပြီး အဲ့မှာ ဘယ်သူမှ သင်ပေးမယ့်သူမရှိဘူးဆို....ဒါတောင်မှ အိမ်မှာဆရာခေါ်သင်ရမယ့်အစား ဒီမှာလာတက်တယ်ပေါ့ ဆရာတွေသင်မယ့် သင်ခန်းစာတွေကို တစ်လုံးမှ နားမလည်မှာ မစိုးရိမ်ဘူးလား"

သူ့စကားတွေက တော်တော် ပြင်းထန်တော့ အခန်းထဲကလူအားလုံးဟာ ကျန်းလီ ဘယ်လိုပြန်တုံ့ပြန်မလဲဆိုတာ စူးစမ်းနေကြတယ်။ မုန့်ဟုန်ကျင်းကလည်း ကျန်းလီကို စိုက်ကြည့်နေတယ်။ သူမရဲ့ စိတ်ထဲထင်ထားတာနဲ့ တခြားစီ ဘေးလူတွေက သူမစကားတွေကို ကြားတဲ့အခါ သူတို့အားလုံးက လုံးလုံးလျားလျား အနေရခက် ကသိကအောက်ဖြစ်သွားတော့တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျန်းလီက လက်ထောက်အကြီးအကဲချုပ်ရဲ့ တရားဝင်သမီးဖြစ်နေတုန်းပဲလေ။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now