Part 49

2.7K 186 5
                                    

Ch 49

အသံမြင့်မြင့်တစ်ခုက ရုတ်တရက် ပတ်ဝန်းကျင်လေထုထဲ ပျံ့နှံ့သွားတယ်။ အနားမှာ စိတ်ဝင်တစားရပ်ကြည့်နေကြတဲ့ လူအုပ်ကြီးက အသံလာရာ လှည့်ကြည့်တော့ ကျန်းလီ လမ်းလျှောက်လာတာကိုတွေ့လိုက်ရတယ်။ လျိုကျစ်မင်က ပထမတော့ လူအုပ်ထဲရှာဖွေနေရင်းမှ သိမ်မွေ့လှပတဲ့ မိန်းကလေး တစ်ယောက်ကိုမြင်လိုက်တာနဲ့ သူ့အကြည့်တွေက တစ်မဟုတ်ချင်း တောက်ပသွားပြီး စနောက်တဲ့ ရယ်ကျဲကျဲ လေသံနဲ့ ဆိုတယ်။ "ဒီမိန်းကလေးကရော ဘာပါလိမ့်"

ပိုင်ရွှယ်က ဒါကိုမြင်တာနဲ့ ကျန်းလီနောက်က ထပ်ကြပ်မကွာလိုက်လာပြီး သူ့စိတ်ထဲမှာလဲ ဒီကြွက်လိုကောင်က ကျန်းလီကို လက်ချောင်းလေးတစ်ချောင်းနဲ့ပဲ ထိလိုက်ကြည့်စမ်း သူက အဲ့ဒီသူကို အသေဆော်ပစ်မယ်လို့ ကြိမ်းဝါးထားတယ်။

ကျန်းလီက ပြုံးပြီး ထိုသခင်လေးကို ညွှန်ပြရင်း ပြောတယ်။ "အဲ့သခင်လေးက ဘာလုပ်လိုက်လို့လဲ"

"သူ ဘာလုပ်လိုက်လို့လဲ ဟုတ်လား"

လျိုကျစ်မင်က အဲဒါကြားတော့ သရော်တော်တော်ပြန်မေးရင်း အကျယ်ကြီး ထရယ်တယ်။ "လက်စသတ်တော့ ငါတို့ကသူ့ကို အနိုင်ကျင့်တယ် ထင်ပြီး ဒီသခင်မလေးက အမှန်တရားဘက်က ရပ်တည်ပေးချင်နေတာကိုး ဒါဆိုရင်တော့ နည်းနည်း ရှင်းပြပါရစေ ငါတို့က လူတွေကို အနိုင်ကျင့်ပြီး အမြတ်ထုတ်နေတာ မဟုတ်ပါဘူး ဒီကညီနောင် ရီရှီကျယ်က ငါတို့မိသားစုရဲ့ ဘိုးစဥ်ဘောင်ဆက်အမွေပစ္စည်း ဒီမှင်ရည် ပန်းချီကို ဖျက်ဆီးလိုက်တယ်လေ ဒီမှာ ဒါက <နွေဦးဝယ် ရေသောက်ဆင်း ငှက်ငယ်> ပန်းချီပဲ"

'<နွေဦးဝယ် ရေသောက်ဆင်း ငှက်ငယ်>'

ဒီပန်းချီကအရင်မင်းဆက်က ကြီးမြတ်တဲ့သခင်ကြီး ကျုံးကျစ်မိုရဲ့ လက်ရာမြောက်ပန်းချီကား တစ်ချပ်ဖြစ်တယ်။ သူဆုံးပါးပြီးနောက် လူတွေက သူချန်ခဲ့တဲ့ အနုပညာလက်ရာတွေကို ဝယ်ယူဖို့အတွက် ငွေအမြောက်အမြား သုံးစွဲကြတယ်။ အထူးသဖြင့် စာပေပညာရှင် မိသားစုတွေအတွက် သူ့ရဲ့ လက်ရာတွေကို စုဆောင်းခြင်းက ဂုဏ်ယူဖွယ်ရာ တစ်ခုပဲ။ တကယ်ပဲ လျိုကျစ်မင်ရဲ့ ပန်းချီကားက အစစ်သာဆို ရီရှီကျယ်တော့ ဒုက္ခလှလှတွေ့ပြီပဲ။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now