Part 53.1

1.1K 106 1
                                    


MDD-53.1

အလည်အပတ်

ကျန်းလီရဲ့ နောက်ဆုံးစကားလုံးက သူမကို ဆွဲထည့်လာလိမ့်မယ်ဆိုတာကို ကျန်းယို့ရောင်က ကြိုမသိထားခဲ့ဘူး။ ပုံမှန်လိုဆိုရင် သူမက စောင်းမြောင်း ပြောဆိုတာကို ကြားခဲ့ပြီးတော့၊ ဒေါသတကြီး ထခုန်မတတ် ဖြစ်သွားခဲ့လိမ့်မယ်။ ဒါပေမဲ့ သူမက သူမတတ်စွမ်းသမျှ သူမကိုယ်သူမ အစွမ်းကုန် ထိန်းချုပ်ထားခဲ့တယ်။

ဒါပေမဲ့ ကျန်းယွဲ့အာက ကျန်းယို့ရောင်လိုမျိုး သူမကိုသူမ တည်ငြိမ်အောင် မလုပ်နိုင်ခဲ့ဘူး။ အစကထဲက သူမက ကျန်းလီကို မကျေမနပ်ဖြစ်နေခဲ့တယ်။ သခင်မကြီး ကျန်း ရဲ့ စကားတွေထဲမှာ ကြိုက်နှစ်သက်မှုကို သူမက မတွေ့ရှိခဲ့ဘူး၊ ပြီးတော့ သူမက ပြောခဲ့တယ်

"သခင်မလေးတွေ အနေနဲ့၊ ငါတို့ရဲ့ အပြောအဆိုနဲ့ အပြုအမူတွေမှာ နေ့တိုင်း သတိထားရမယ်။ ဒုတိယညီမက သတ္တိရှိပေမဲ့၊ မိန်းမတစ်ယောက်အနေနဲ့ လမ်းလယ်ခေါင်မှာ ယောက်ျားတစ်ယောက်ရဲ့ ကိစ္စမှာ ပါဝင်ပတ်သက်နေတာကတော့ အကျင့်စာရိတ္တနဲ့ အပြုအမူကို ထိခိုက်စေပြီးတော့ ရုပ်ဆိုးတယ်"

ကျိရှုရန်ကလည်း စိတ်ထဲကနေ ပြောလိုက်တယ်။

"ဆိုးလိုက်တာ"

ကျန်းယွဲ့အာက ဒါကိုပြောပြီးတဲ့နောက်မှာ၊ သခင်မကြီးကျန်းရဲ့ မျက်နှာက ချက်ချင်း အရောင်ပြောင်းသွားခဲ့တယ်။ သူမက ကျန်းယွဲ့အာကို စိုက်ကြည့်ပြီးတော့ ပြောလိုက်တယ်။

"အို၊ နင် သေခြင်းတရားနဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့တဲ့အခါ၊ နင်က ကယ်တင်မှာ မဟုတ်ဘူးလို့တော့ ငါ့ကို မပြောနဲ့၊ အေးစက်ပြီး ဘက်မလိုက်တာနဲ့ပဲ နင်က အကျင့်စာရိတ္တနဲ့ အပြုအမူတွေ မကင်းမဲ့တော့ဘူးလား။ နင့်မိသားစုရဲ့ ကျင့်ဝတ်သိက္ခာစည်းမျဉ်းတွေကိုတော့ တစ်နေရာရာမှာ ရေးမှတ်ထားခံရလိမ့်မယ်လို့ ငါထင်မိပါတယ်"

ကျန်းယွဲ့အာက သူမရဲ့ အခက်အခဲကို ရုတ်တရက် ဖြစ်ပေါ်လာသေတဲ့ သခင်မကြီးကျန်းကို မမျှော်လင့်ဘဲနဲ့ ငေးကြောင်ကြောင် ဖြစ်သွားခဲ့တယ်။ သူမရဲ့ စိတ်ထဲမှာ အရှက်ကွဲတာရော၊ အမှားလုပ်လိုက်မိတာကိုပါ တစ်ပြိုင်နက်ထဲ ခံစားလိုက်ရပေမဲ့၊ သခင်မကြီးကျန်းကိုတော့ မဆန့်ကျင်ရဲခဲ့ဘူး။ သူမက ခေါင်းကို ငုံ့ရုံသာငုံနေခဲ့ပြီးတော့ ထပ်ခါတလဲလဲ ကျန်းလီကို မုန်းတီးရင်းနဲ့ စကားတစ်ခွန်းကိုမှ ပြောမထွက်ရဲခဲ့ဘူး။

တရားဝင်သမီး လက်ထပ်ထိမ်းမြားခြင်းWhere stories live. Discover now